လောင်းလုံး အထက်တန်းကျောင်းကို စစ်ကောင်စီက လုံခြုံရေးယူထားပြီး ဝင်ထွက်ခွင့်ကန့်သတ်
Dawei Watch
June 14, 2023လောင်းလုံးမြို့ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး ကျောင်းဝင်းအတွင်း ဝင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း မြို့ခံအချို့ကပြောသည်။ “ကျောင်းဝင်းအတွင်းသို့ တာဝန်ရှိသူမှအပ မဝင်ရ” ဆိုသည့် ဗီနိုင်းကို ကျောင်းဝင်းအပြင်တွင် ကပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်စစ်ဆေးနေကြောင်း မြို့ခံအချို့ကပြောသည်။ ဇွန်လ ၄ ရက်က လောင်းလုံးအထက်တန်းကျောင်းဝင်းထဲရှိ စာသင်ခန်းများ၊ ကွန်ပျူတာများကို အမည်မသိသူတို့က ဝင်ရောက်ရိုက်ခွဲဖျက်ဆီးခံရပြီးနောက် နှစ်ရက်ခန့်အကြာတွင် စစ်ကောင်စီတပ် လုံခြုံရေးတင်းကြပ် လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ “ကျောင်းထဲမှာရော၊ ကျောင်းအပြင်မှာပါ စစ်ဆေးတာတွေရှိတယ်။ ကျောင်းထဲကိုတော့ အပြင်လူတွေပေးမဝင်ဘူး။ ဝင်ချင်တယ်ဆိုရင် ဆရာမတစ်ယောက်ယောက်နဲ့ အတူတူဝင်မှရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ ကျောင်းသားမိဘများကိုမူ သက်သေခံလက်မှတ်သဘောမျိုး ကတ်ပြားထုတ်ပေးထားပြီး ကျောင်းဝင်းအတွင်းဝင်မည်ဆိုပါ အဆိုပါကတ်ပြားကို ပြသရကြောင်း ဒေသခံများကဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Non CDM ( ပညာရေး) များအား ပြင်းပြင်းထန်ထန်အရေးယူမည်ဟု […]


