ဖမ်းဆီးခံ ကျောက်နီမော်ရွာသားလေးဦးအနက် နှစ်ဦးပြန်လွတ်
Dawei Watch
October 5, 2023လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ဒေသ PDF အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည့် ဒေသခံလေးဦးအနက် နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ပစ်ခတ်ပြီးနောက် ဒေသခံရွာသား အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ယင်းအနက် အမျိုးသားတစ်ဦးမှာ အောက်တိုဘာလ ၄ရက်နေ့ကပင် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသမီး တစ်ဦးမှာ ယနေ့ အောက်တိုဘာလ ၅ရက် နံနက်ပိုင်းက ပြန်လွတ်မြောက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ရွာပြန်ရောက်နေပါပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကိုဂျွန်ဂို (ခေါ်) ပျူဂန်ဆိုသူနှင့် ကိုကျော်စိုးဆိုသူ နှစ်ဦးကိုမူ PDF က ဆက်လက်ဖမ်းဆီးထားသည်ဟု သိရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦးကို မည်သည့် အကြောင်းအရင်းကြောင့် […]


