ကလိန်အောင်ဒေသခံ ကရင်လူငယ်တစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ချ
Dawei Watch
December 5, 2023ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ မိကျောင်းလှောင်ရွာတွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ်ရှိ ကရင်လူမျိုး စောဆောင်းနှင်းထူးဖောကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချလိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် နိုဝင်ဘာလ ၃၀ ရက်တွင် ထားဝယ်အကျဉ်းထောင်တွင်း တရားရုံးက ပြစ်ဒဏ်ချခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အမိန့်ချလိုက်ပြီ ။ မိသားစုနဲ့လည်းတွေ့ရတယ်လို့ပြောပါတယ်။ စဖမ်းခံရတုန်းကတော့ သတင်းအစအနတောင် မရဘူး။ ရွာလူကြီးလာပြောမှ ဖမ်းခံထားရတာသိရတယ်” ဟု စောဆောင်းနှင်းထူးဖော၏ မိတ်ဆွေတစ်ဦးက ပြောသည်။ စောဆောင်းနှင်းထူးဖောသည် ဇူလိုင်လ ၂၅ ရက်က ဆေးစစ်ချက်တစ်ခုယူရန် ထားဝယ်မြို့သို့ လာရောက်စဥ် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်းနောက် လေးလကျော်အကြာတွင် အမိန့်ချခံရခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းအတွင်း […]


