စစ်ကောင်စီတပ် ပစ်ခတ်၍ ရလိုင်ရွာသားတစ်ဦး ဒဏ်ရာရ၊ နေအိမ်များလည်း ဖျက်ဆီးခံရ
Dawei Watch
March 3, 2024ရေဖြူမြို့အနောက်ဖက်ကမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ပစ်ခတ်သဖြင့် ရလိုင်ရွာသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ကပြောသည်။ ယနေ့ မတ်လ ၃ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရလိုင်းကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ “ဘုန်းကြီးကျောင်းမှာ(အာရုဏ်) ဆွမ်းကပ်ပြီးပြန်ထွက်လာတဲ့သူ တစ်ယောက်ပစ်ခံထိတယ်။ သူထွက်လာတာနဲ့ ( စစ်ကောင်စီတပ်နဲ့) တည့်တည့်တိုးတော့ ပစ်လိုက်တာ ခြေထောက် ထိသွားတယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဦးပိုသန်းဆိုသူဖြစ်ပြီး ဒဏ်ရာမှာ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်ကောင်စီတပ်သည် ရွာထဲဝင်လာချိန် လူမရှိသည့်နေအိမ် အမြောက်အများကို ရိုက်ဖျက်ဝင်ရောက်ပြီး မွှေနှောက်ရှာဖွေသွားကြသည်ဟုလည်း ဒေသခံတို့က ပြောဆိုကြသည်။ “အိမ်တွေရိုက်ဖျက်ထားတာကတော့ မနည်းဘူး။ အိမ်တိုင်းနီးပါးပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ကနဦးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးဒဏ်ရာရထားကြောင်း […]


