ရေဖြူ နဘုလယ်ဒေသ လဲရှောင်ရွာကို စစ်ကြောင်းဝင်၊ နေအိမ်သုံးဆောင်ထက်မနည်း မီးရှို့ခံရ
Dawei Watch
October 25, 2023ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေသည့် စစ်ကောင်စီတပ်သည် လဲရှောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းကစပြီး နေအိမ်မီးရှို့ခံရပြီး ယနေ့ အောက်တိုဘာလ ၂၅ရက် နေ့လယ်ပိုင်း အထိ နေအိမ်သုံးလုံးထက်မနည်း မီးရှို့ခံထားရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “အခုအထိတော့ သုံးဆောင်လောက်ပဲ သိရသေးတယ်။ မီးခိုးတွေတော့ တက်နေသေးတယ်။ အရေအတွက် အတိအကျ မသိရသေးဘူး။ မနေ့ကရှို့တဲ့ထဲမှာ ကားတစ်စီးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မီးရှို့ခံရရာတွင် လဲရှောင်ရွာက ဝပ်ရှော့ လုပ်ငန်းလုပ်နေသည့် နေအိမ်နှင့် အလုပ်ရုံ ပါဝင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုဝပ်ရှော့လုပ်ငန်း၏ ပိုင်ရှင်မှာ ယခင်က စစ်ကောင်စီတပ်၏ တစ်လနီးပါးကြာ ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်မြောက် လာသူလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ […]


