ကင်းလှည့်ရန်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ
Dawei Watch
July 29, 2023ထားဝယ်မြို့နယ်၊ ပကာရီရွာလမ်းဆုံအနီးတွင် ဇူလိုင်လ ၂၈ ရက် ည ခုနှစ်နာရီဝန်းကျင်ခန့်က ကင်းလှည့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရသည်ဟု ဒေသခံများထံမှသိရသည်။ ယင်းနေ့ညနေ ခြောက်နာရီခွဲခန့်တွင် ပကာရီရဲစခန်းမှာ ထွက်လာသည့် စစ်ကောင်စီတပ်သားလေးဦးခန့်မှာ ပကာရီလမ်းဆုံအနီး ချောင်းပစ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဘောလုံးကားတွေကို တားတဲ့အဖွဲ့ လေးငါးခြောက်ယောက်လောက်ရှိမယ်။ ချောင်းပစ်ခံလိုက်ရတယ်”ဟု ၎င်းဒေသခံကပြောသည်။ ယင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။ အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ လဲကျသေဆုံးနေသည့် အလောင်းကို ည ဆယ်နာရီဝန်းကျင်ခန့်တွင် လာရောက်သယ်ယူ သွားပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် စစ်ကောင်စီတပ်က ထပ်မံပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆက်ပြောသည်။ ယင်းဖြစ်စဉ်ကြောင့် ယနေ့မနက်ပိုင်းတွင် ဒေသခံအချို့အပြင်မထွက်ရဲကြတော့ပေ။ “ခုထိအပြင်မထွက်ရဲသေးဘူး။ ညက ပစ်တာခတ်တာတွေ ဖြစ်ထားတော့လေ”ဟု အခြားပကာရီရွာသူ အမျိုးသမီးတစ်ဦးကပြောသည်။ ပကာရီစခန်းသည် ခုခံတော်လှန်စစ်စတင်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ […]