ကမြောကင်းတံတား၌ ဒရုန်းဗုံးထိသည့် သားအမိတွင် မိခင်က ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး သမီးက ဒဏ်ရာပြင်းထန်ဆဲ
Dawei Watch
January 2, 2026ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး ၎င်း၏သမီးဖြစ်သူမှာလည်း ခွဲစိတ်ခန်း နှစ်ကြိမ်ဝင်ထားရကြောင်း ဆွေမျိုးနီးစပ်သူများ ထံမှသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် ခရီးသွားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ သာယာကုန်းကျေးရွာသူ မမိလတ်နှင့် သမီးဖြစ်သူ ပထမတန်းကျောင်းသူတစ်ဦး၊ ဒုတိယတန်းကျောင်းသူတစ်ဦး၊ မင်းရပ်တလိုင်းမော်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ မောင်နှမနှစ်ဦး စုစုပေါင်းငါးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ပထမအကြိမ် ဒရုန်းဗုံး တိုက်ခိုက်ပြီးနောက် တံတားပြန်လည်ဖွင့်လှစ်ချိန်တွင် မမိလတ်မှာ ထားဝယ်မြို့ အိုးလုပ်ပြင်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ၎င်း၏သမီး […]


