BREAKING
May 23, 2025

ထားဝယ်

ကံပေါက်ရွာအဝင်လမ်း စစ်ကောင်စီတပ် ပိတ်ထား

Dawei Watch

September 26, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ အဝင်လမ်းကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် အစောပိုင်းကတည်းက ပိတ်ထားကြောင်း လမ်းပိုင်းအသုံးပြုနေသည့် ကားသမားများနှင့် ဒေသခံများက ပြောသည်။ ကံပေါက်ရွာထိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင် စက်တက်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ပစ်ခတ်သံများ ၁ဝမိနစ်ခန့်ကြာ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။ ယင်းသို့ဖြစ်ပွားပြီးနောက်တစ်ရက် နံနက်တွင် ကျောင်းကြို့ပို့ကားမှလွဲ၍ မည်သည့်ယာဉ်နှင့် လူတို့ကိုမျှ ဖြတ်သန်းသွားလာခွင့်မပေးဘဲ လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ကားတွေ အကုန်ပြန်လှည့်ခိုင်းတယ်။ အဝင်ရော အထွက်ရောမရဘူး။ အားလုံးပြန်လာကြရတယ်” ဟု ကံပေါက်ရွာမှ ဈေးကားမောင်းသူတစ်ဦးက ပြောဆိုသည်။ ကံပေါက်ဒေသမှ ထားဝယ်မြို့နှင့် မော်လမြိုင်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများလည်း မသွားရတော့ကြောင်း ဒေသခံတို့က […]

ရန်ကုန်-ထားဝယ်လမ်းပိုင်း ညပိုင်းအသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ ခု ထပ်သတိပေး

Dawei Watch

September 26, 2023

ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမကို ညပိုင်း (ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ) ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ခုက သတိပေးချက် ထပ်မံထုတ်ပြန်လိုက်သည်။ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)၊ ဝေဟင်တပ်ဖွဲ့ နှင့် ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့ DDT တို့က စက်တင်ဘာလ ၂၂ ရက် နှင့် ၂၄ ရက်တွင် ထုတ်ပြန်ချက်များထုတ်ပြီး ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်-ထားဝယ်လမ်း ရေဖြူအပိုင်းတွင် စက်တင်ဘာလ ၂၃ ရက် ည ၈နာရီ အချိန်က ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက် မောင်းနှင်လာသည့် ကားတစ်စီး ကို အသံမိုင်းဖြင့် သတိပေးခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ ၂၂ ရက်ကတည်းက စာနဲ့သတိပေးပြီးပါပြီ။ ၈နာရီကျော်ပြီးမှ […]

သရက်ချောင်း ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

Dawei Watch

September 25, 2023

သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ကြောင်း ဒေသခံများနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ထံမှ သိရသည်။ ထားဝယ်-မြိတ်ကားလမ်းဘေးရှိ ပိတောက်ကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းနှင့် စက်တင်ဘာလ ၂၃ရက် နံနက်ပိုင်းတို့ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်နှင့်တွေ့ပြီး ဖမ်းဆီးခံရသည့် ပိတောက်ကြီးရွာက ကရင်တိုင်းရင်းသား သုံးဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ခဲ့ပြီးနောက် လမ်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကစယ်ဒိုကျားတပ်ဖွဲ့၏ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။ “သူတို့က တိုက်ပွဲမဖြစ်ခင်တည်းက ဖမ်းပြီးလမ်းပြခေါ်ဆောင်တယ်။ တိုက်ပွဲဖြစ်ပြီးတာနဲ့ (စစ်တပ်က) တစ်ခါတည်းပြီး ပစ်သတ်လိုက်တယ်” ဟု ကိုဘဦးသစ်က ပြောဆိုသည်။ အဆိုပါရွာသားသုံးဦးမှာ အရပ်သားပြည်သူများသာဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းတို့ကို ပိတောက်ကြီးရွာနှင့် တစ်မိုင်ကျော်အကွာတွင် ယနေ့ […]

ကံပေါက်ရွာထိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်သံများထွက်ပေါ်

Dawei Watch

September 25, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအဝင်ဝရှိ သစ်တောရုံးနှင့် ဆင်ကိုးရပ်ရေတံခွန် စစ်ဆေးရေးဂိတ်များအနီး၌ ယနေ့ ညပိုင်းတွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တက်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ပစ်ခတ်သံများ ၁ဝမိနစ်ခန့်ကြာ ဆက်တိုက်ထွက်ပေါ်လာကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံ သုံးချက် အရင်ကြားတယ်။ ပြီးမှ သေနတ်သံတွေကြားရတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် လျှပ်စစ်မီး နှင့် မိုင်တဲအော်ပရေတာဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားကြောင်း ဒေသခံတို့က ဆိုသည်။ ည ၇နာရီဝန်းကျင်တွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ပြီး မိုင်တဲဆက်သွယ်ရေးအော်ပရေတာလိုင်း ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ကံပေါက်သစ်တောရုံးလမ်းဆုံတွင် […]

လောင်းလုံး ခမောင်းတောင်ရွာသားတစ်ဦး နေအိမ်တွင် ပစ်သတ်ခံထားရ

Dawei Watch

September 25, 2023

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာသားတစ်ဦးသည် ယနေ့ စက်တင်ဘာလ ၂၅ ရက် နေလယ်ပိုင်းက နေအိမ်တွင် ပစ်သတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံထားရသူမှာ အသက် ၄၇ နှစ်အရွယ် ဦးနိုင်ဦးဆိုသူဖြစ်ပြီး ၎င်း၏ နေအိမ်ရှိ သစ်အရောင်းဆိုင်တွင် ပင် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်ဒဏ်ရာနဲ့ပါပဲ။ သစ်ဝယ်သူလာမှပဲ သေနေတယ်ဆိုတာသိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးနိုင်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ ဦးနိုင်ဦးတွင် ဇနီးဖြစ်သူနှင့် အသက် ၂၀ ကျော်အရွယ် သမီးနှစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။ ဦးနိုင်ဦး၏ ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဖမ်းဆီးခံ ခမောင်းချောင်းရွာသူသုံးဦးပြန်လွတ်၊ အမျိုးသမီးငယ်သုံးဦးအပါအဝင်ရှစ်ဦး ပြန်မလွတ်သေး

Dawei Watch

September 25, 2023

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးထားသည့် ခမောင်းချောင်း ရွာသူသုံးဦး ပြန်လည် လွတ်မြောက်လာပြီး ဆယ်ကျော်သက် အမျိုးသမီးသုံးဦးနှင့် အမျိုးသားငါးဦးတို့ကို ဆက်လက်ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၁ ရက်တွင် စတင် စစ်ကြောင်းထိုးခြင်းဖြစ်ပြီး စစ်တင်ဘာလ ၂၂ ရက်တွင် ဥယျာဉ်ခြံများအတွင်း စစ်ဘေးရှောင်နေသည့် ခမောင်းချောင်း ဒေသခံ ၁၁ ဦးကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဖမ်းဆီးပြီး သုံးရက်အကြာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေတွင် အမျိုးသမီးကြီးနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “(ဆက်လက်အဖမ်းခံထားရတာမှာ) သုံးယောက်လုံးက ဆယ်ကျော်သက်အမျိုးသမီးတွေ။ ကျန်တာ အမျိုးသားတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် စက်တင်ဘာလ ၂၄ […]

သရက်ချောင်းတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

Dawei Watch

September 23, 2023

သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးကျေးရွာတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။ စက်တင်ဘာလ ၂၂ရက် ညနေပိုင်းတွင် သရက်ချောင်းမြို့ဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အောက်သရက်ချောင်းနှင့် ပိတောက်ကြီးကျေးရွာအဝင် မြိတ်-ထားဝယ်ကားလမ်းမှာ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပိတောက်ကြီးရွာတွင်ပင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသခံအချို့က ဆိုသည်။ သရက်ချောင်းမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်အချို့ထံ ဆက်သွယ်မေးမြန်းရာတွင်လည်း တိုက်ပွဲဖြစ်ပွား နေသည်ကို အတည်ပြုပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုမူ အသေးစိတ်မသိကြောင်း ပြောဆိုသည်။ ပိတောက်ကြီးရွာအနီး ကျောက်ဆည်ရွာက လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် ဇနီးမောင်နှံ စက်တင်ဘာလ […]

ထားဝယ်အရှေ့တောတွင် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်

Dawei Watch

September 23, 2023

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဖက်နှင့် မေတ္တာကျေးရွာဖက်တို့က လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း သင်္ကန်းတုံးရွာတွင် လာပေါင်းစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့ နှစ်ဖက်ညှပ်ပစ်ကြတာပေါ့” ဟု တာဝန်ရှိသူက ပြောဆိုသည်။ သင်္ကန်းတုံးရွာဖက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ပုန်းအောင်းနေသည့် နေရာက ကြားရကြောင်း လိပ်ကြယ်ပြောင်၊ ရမ္မဇူ၊ ပခပ်ရွာကဒေသခံများကို မေးမြန်းချက်အရ သိရသည်။ “ပစ်ခတ်သံတွေ ကျွန်တော်ကြားရတာ မိနစ် ၂၀ လောက်ရှိမယ်။ ပစ်ခတ်နေတာကို သွားလည်းကြည့်မရဘဲ။ စစ်ကြောင်းဝင်ကတည်းက […]