လောင်းလုံးတွင် ကျေးရွာအချို့ ကို လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း တပ်ဖြန့်ဝင်
Dawei Watch
July 15, 2024လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက်စစ်ကြောင်းဝင်ရောက်ကာ တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံများကပြောသည်။ ထားဝယ်မြို့ဘက်မှ ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး အင်းဇောက်၊ သဗျာ စသည့် ကျေးရွာများအနီး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် သဗျာရွာသားအမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “အရှေ့သဗျာရွာမှာ တစ်လုံးကျတယ်။ အိမ်ကြားထဲကျသွားတာ ဒဏ်ရာရသူရှိတယ်။ စိုးရိမ်စရာတော့ မရှိဘူးလို့သိရတယ်” ဟု ၎င်းက ပြောသည်။ ယင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် အင်းဇောက်၊ သဗျာရွာတို့သို့ စစ်ကောင်စီတပ် စစ်ကြောင်းတို့ ရောက်ရှိလာကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ထားဝယ်ဘက်မှလာသည့် စစ်ကောင်စီတပ် […]


