ကံပေါက်တွင် မောရဝတီရေတပ်က မဲစာရင်းစစ်ပြီး မဖြစ်မနေ မဲလာပေးရန် အိမ်တိုင်ရာရောက်ဖိအားပေး
Dawei Watch
January 8, 2026မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ ကံပေါက်ဒေသတွင် စစ်အာဏာရှင်တပ်သားများကိုယ်တိုင် မဲစာရင်း လိုက်စစ်နေပြီး မဖြစ်မနေ မဲလာပေးရန်လည်း အိမ်တိုင်ရာရောက် လိုက်လံဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ဇန်နဝါရီလ ၅ရက်၊ ၆ရက် နှင့် ၇ရက် သုံးရက်ဆက်တိုက် ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်များသို့ စစ်အာဏာရှင်တပ်သားများ ကားသုံးစီးဖြင့် ရောက်လာပြီး မဲစာရင်းစစ်ကြောင်း ဒေသခံများက ဆိုသည်။ အရက်ဆိုင်၊ ရပ်ကွက်ဓမ္မာရုံ စသည့်နေရာတို့တွင် ပထမနှစ်ရက်၌ စုရပ်လုပ်ကာ မဲစာရင်းလာစစ်ခိုင်းပြီး နောက်တစ်ရက်တွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ရှိမရှိ အိမ်တိုင်ရာရောက် ထပ်မံလိုက်စစ်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ပထမရက်မှာက ညဘက်ကြီး အရက်ဆိုင်မှာ မဲစာရင်းလာစစ်ဖို့ခေါ်လို့ သွားစစ်ရတယ်။ နောက်တစ်ရက်က အခြားရပ်ကွက်က ဓမ္မာရုံတွေမှာ စုရပ်လုပ်ပြီး စာရင်း ထပ်ကောက်တယ်။ […]


