ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ပြန်လွတ်
Dawei Watch
October 2, 2023ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဝေယံကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး လွတ်ရက်စေ့ပြီး ယနေ့ အောက်တိုဘာလ ၂ရက် နံနက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောသည်။ ပြန်လည်လွတ်မြောက်လာသူတို့မှာ ကိုအောင်ဝေယံကျော်၊ ကိုသုတင်စိုး (ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ဥက္ကာရှိုင်းအောင် (ခ) ပုတု၊ ကိုဝေယံဌေးတို့ဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်-DPPN က ထုတ်ပြန်ထားသည်။ လက်ရရှိထားသည့်စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး၏အမည်များကိုသာ DPPN က ထုတ်ပြန်ထားပြီး နောက်ထပ် လေးဦး၏ အမည်ကိုမူ Dawei Watch က ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတို့သည် လျှော့ရက်ဖြင့် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း […]