ကံပေါက်တွင် ဘေးတွဲနှင့် မြေသယ်ကားတိုက်၍ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
Dawei Watch
July 29, 2024စစ်ကောင်စီတပ်က ဆိုင်ကယ်စီးခွင့် ပိတ်ထားသဖြင့် ဘေးတွဲများဖြင့်သာ သွားလာနေရသည့် ရေဖြူမြို့နယ်၊ ကံပေါက် ဒေသတွင် ဘေးတွဲဆိုင်ကယ်နှင့် မြေသယ်ကားတစ်စီး တိုက်မိ၍ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ကံပေါက်ဒေသ ၊ အုန်းပင်ကွင်းရွာထိပ် ဝန်ကြီးချုပ်ဦးဗဆွေ ပန်းခြံအနီးတွင် ဇူလိုင်လ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဘေးတွဲတွင်လိုက်ပါလာသည့် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကို နှင့် အသက် ၄ဝ ကျော်အရွယ် ကိုဝေဖြိုး တို့နှစ်ဦး နေရာတွင်ပင်သေဆုံးခဲ့သည်။ ဘေးတွဲတွင်လိုက်ပါလာသော ကျန်နှစ်ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် ကိုကျော်ခန့်မှာ ဘယ်ဘက်ပေါင်ကျိုးသွားပြီး ၃၃ နှစ် အရွယ်ကိုဖြိုးစည်သူမှာ အစာအိမ်ကို ထိခိုက်သွားကြောင်း၊ ယနေ့ ဇူလိုင်လ ၂၉ […]


