သရက်ချောင်းရေတံခွန်အနီးတွင် ဇနီးမောင်နှံနှစ်ဦးကိုသတ်ဖြတ်ပြီး အလောင်းမီးရှို့
Dawei Watch
November 17, 2023သရက်ချောင်းရေတံခွန်အနီးရှိ ဥယျာဉ်ခြံအတွင်း ဇနီးမောင်နှံနှစ်ဦး အသတ်ခံရပြီး အလောင်းကိုမီးရှို့ခံထားရကြောင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အဆိုပါ ဇနီးမောင်နှံပိုင်ဆိုင်သည့် ဥယျာဉ်ခြံအတွင်းရှိ တဲနှစ်လုံးနှင့်အတူ အလောင်းများကို မီးရှို့ထားသည်ကိုတွေ့ရကြောင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ဆိုသည်။ “သေနတ်ဒဏ်ရာတွေ့တယ်။ အမျိုးသားရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေ့တယ်။ ညနေ သုံးနာရီကျော်ကျော် လောက်တည်းက သတ်ထားတဲ့ ပုံစံပဲ” ဟု ၎င်းက ပြောသည်။ အသတ်ခံရသူများမှာ အသက် ၆၁ နှစ်ရှိ ဦးသိန်းထွန်းနှင့် အသက် ၅၇ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်းတို့ ဖြစ်သည်။ ၎င်းတို့၏ သားဖြစ်သူမှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ကဖြစ်ပြီး ရေဖြူမြို့နယ်တွင် တာဝန်ကျနေသည်ဟု အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောသည်။ ဦးသိန်းထွန်းတို့ ဇနီးမောင်နှံကို […]