ထားဝယ်တွင် ရွှေတစ်ကျပ်သား ၆၈သိန်းနီးပါးဈေးပေါက်၊ အရောင်းအဝယ်ပါး
Dawei Watch
September 23, 2024ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်းနီးပါး ဈေးဖွင့်ထားပြီး အရောင်းအဝယ် နည်းပါးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၃ ရက် နံနက် ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇၇၀၀၀၀ ကျပ် (ခြောက်ဆယ့်ခုနစ်သိန်းခုနစ်သောင်းကျပ်) ကျပ် ဈေးဖွင့်ထားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေး တရားဝင်မဖွင့်တော့သည်မှာ ၁၁၁ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ခြင်းဖြစ်သည်။ ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေရာ စက်တင်ဘာလ ၂၃ ရက် နံနက်တွင် ၆၈ သိန်းနီးပါးဖြင့် အရောင်းအဝယ်လုပ်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် ရွှေအရောင်းအဝယ်မရှိသလောက် နည်းပါးနေကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်က […]


