ထားဝယ် ဆီဘောမီးလောင်မှု သေဆုံးသူရှစ်ဦး၊ ဒဏ်ရာရသူသုံးဦးအထိရှိလာ
Dawei Watch
October 15, 2024ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ဆီဘော မီးလောင်ပေါက်ကွဲမှုတွင် ယနေ့ အောက်တိုဘာလ ၁၅ရက် နံနက် နောက်ဆုံးအတည်ပြုချက်အရ သေဆုံးသူ ရှစ်ဦးအထိရှိလားပြီး ဒဏ်ရာရသူလည်း သုံးဦးရှိကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီက စလောင်သည့်မီးသည် အောက်တိုဘာလ ၁၅ ရက် ယနေ့နံက် ၈ နာရီကျော်မှသာ မီးငြိမ်းသွားပြီး ၁၆နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ သေဆုံးသူရှစ်ဦးတွင် အမျိုးသားခုနစ်ဦး၊ အမျိုးသမီးတစ်ဦးပါဝင်ပြီး ပျောက်ဆုံးနေသူလည်း လေးဦးရှိနေကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၁၀နာရီခွဲကျော်တွင် ထုတ်ပြန်ထားသည်။ “ညက (ရုပ်အလောင်း) ခြောက်လောင်း ထုတ်နိုင်တယ်။ မီးကပြင်းတော့ ကျန်နေတဲ့နှစ်လောင်းကို အခုမနက်မှ ပြန်ထုတ်နိုင်တယ်။ DB (ရုပ်အလောင်း)တွေကတော့ အကုန်မီးကျွမ်းနေပြီ” […]


