ထားဝယ် ရှမ္မတွင်းရွာတွင် လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်တစ်လုံးပျက်စီး
Dawei Watch
November 16, 2024ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် နိုဝင်ဘာလ ၁၄ ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး နေအိမ်တစ်လုံး အိမ်နောက်ပိုင်း မီးလောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီဝန်းကျင်တွင် ရှမ္မတွင်းရွာဘက်သို့ ပေါက်တိုင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်က လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ရှမ္မတွင်းမှာ နှစ်ချက်ကျတယ်။ ဆီပင်ကုန်းက အိမ်တစ်လုံးကိုကျတယ်။ လူမနေတဲ့အိမ်ဆိုတော့ လူမထိဘူး။ ရင်မပြင် (အိမ်အစု) အနားမှာက တစ်လုံးကျတယ်။ အဲဒါက ဘာမှမထိဘူး။ ကျန်တာ ဘယ်မှာကွဲလဲတော့မသိဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည် ။ ယင်းသို့ လက်နက်ကြီး မပစ်ခတ်မီ ပေါက်တိုင်းတံတားဘက်တွင် ဒရုန်းဝဲပျံနေသည်ကို မြင်ရပြီးနောက် ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့ဘက်သို့ စစ်ကားသုံးစီး ဆင်းသွားသည်ကို […]


