တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေး
Dawei Watch
January 4, 2024အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းကောင်စီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရသူ ဦးတင်အောင်ကို ဇန်နဝါရီလ ၄ ရက် ၊ လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့သည်။ ဦးတင်အောင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ တနင်္သာရီတိုင်း တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ယူကာ အငြိမ်းစားယူပြီးနောက် အာဏာသိမ်းမှု နောက်ပိုင်းတွင် တနင်္သာရီတိုင်းကောင်စီ ဥက္ကဋ္ဌအဖြစ် ၆ လ ခန့်အပ်ခံခဲ့ရသည်။ ဝဏ္ဏကျော်ထင် ဘွဲ့ပေးရာတွင် တိုင်းကောင်စီဥက္ကဋ္ဌအနေဖြင့် ပေးခြင်းမဟုတ်ဘဲ တိုင်းတရားသူကြီးချုပ် အငြိမ်းအစားအဖြစ် ပေးခြင်းဖြစ်ပြီး ၎င်းနှင့်အတူ တနင်္သာရီတိုင်းက တိုင်းတရားသူကြီးချုပ် အငြိမ်းစား ဦးမြင့်ဝင်းဆိုသူလည်း ဝဏ္ဏကျော်ထင်ဘွဲ့ပေးခြင်းခံရသည်။ ယင်းအပြင် ၂၀၀၈ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သူ တနင်္သာရီတိုင်းက ပညာရေးဝန်ထမ်းသုံးဦးနှင့် ထွေအုပ်ဝန်ထမ်း တစ်ဦးအပါအဝင် အမျိုးသား ၁၉ ဦးကိုလည်း စစ်ကောင်စီက လူမှုထူးချွန် ပထမဆင့် ဆုတံဆိပ်များ […]