ထားဝယ်မြို့နယ်၊ ဝကုန်းရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်
Dawei Watch
January 31, 2024ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇန်နဝါရီလ ၂၇ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နေ့လယ်မှ ညနေ ၄ နာရီခန့်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ဘက်ကတော့ ရှိနိုင်တယ်” ဟု တာဝန်ရှိသူက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ဝကုန်းရွာထဲမှ အသက်ကြီးပိုင်း(အသက် ၆၀ ဝန်းကျင်) လင်မယားနှစ်ဦး၏ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်ဟု ဝကုန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် […]