ထိုင်းက ၉၅ ရက်စာ လောင်စာဆီ ဖူလုံမှုရှိမည်ဟုဆို၊ မြန်မာနှင့် လာအိုကို ဆီဆက်ရောင်းပေးမည်
Dawei Watch
March 6, 2026ထိုင်းနိုင်ငံတွင် ၉၅ ရက်စာအထိ လောင်စာဆီ ဖူလုံမှု ရှိမည်ဖြစ်ပြီး မြန်မာနှင့် လာအိုတို့ကို လောင်စာဆီ ဆက်ရောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများ မဟုတ်သော အမေရိကန်ပြည်ထောင်စု၊ မလေးရှားနှင့် တောင်အာဖရိကနိုင်ငံများမှ လောင်စာဆီတင်သွင်းရန် သဘောတူညီမှုရရှိပြီးဖြစ်၍ ထိုင်းနိုင်ငံထဲ လောင်စာဆီသည် ၉၅ ရက်စာအထိ ဖူလုံလာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က မတ်လ ၅ ရက်နေ့က ပြောသည်။ နိုင်ငံထဲတွင် မူလက ရက် ၆၀ စာ လောင်စာဆီဖူလုံမှုရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ၆၅ ရက်စာအထိ ဖူလုံမှုရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူနှင့် ပြုလုပ်သော စွမ်းအင်ဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးက ပြောသည်။ နောက်ထပ် အရှေ့အလယ်ပိုင်းနိုင်ငံများမဟုတ်သော နိုင်ငံများမှ ရက် ၃၀ […]


