ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

သင်္ကြန်တွင် ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ Re-Entry တုံးထုရန်မလိုဘဲ နေရပ်ပြန်နိုင်

Dawei Watch

March 18, 2024

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် သင်္ကြန်ကာလတွင် Re-Entry တုံးထုရန်မလိုဘဲ ၄၅ ရက်အတွင်း တရားဝင်သွားလာနိုင်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ထုတ်ပြန်လိုက်သည်။ လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ မေလ ၁၅ ရက်နေ့အထိ ၄၅ ရက်တာကာလအတွင်း သင်္ကြန်ကာလ ခွင့်ရက်ဖြင့် မိမိနိုင်ငံပြန်လိုသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားများကို Re-Entry မလိုဘဲ တရားဝင်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က ပြုလုပ်သော အလုပ်သမားအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ပုံမှန်အချိန်များတွင် Re-Entry ပါမစ်အတွက် တစ်ကြိမ်ဝင်ရောက်ခွင့် (Single) ကို ဘတ် ၁၀၀၀ နှင့် အကြိမ်ရေများစွာ ဝင်ရောက်ခွင့် (Multiple) ကို ဘတ် ၃၈၀၀ ကျသင့်မည်ဖြစ်သည်။ သင်္ကြန်ကာလတိုင်း အလုပ်သမားများကို […]

ပြည်သူများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်

Dawei Watch

March 17, 2024

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ပြည်သူအများမှာ အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေကြရသည်။ စား၊ဝတ်၊နေရေး အခက်အခဲများအပြင် မလုံခြုံမှုများကိုလည်း ပြည်သူများမှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခဒေသများတွင် နေထိုင်နေရသော ပြည်သူများမှာ ပိုမိုဆိုးရွားခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်။ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်သူများကို ထိတွေ့ဆက်ဆံရာတွင် လေးစားလိုက်နာရမည့် ကျင့်ဝတ်များကို သိရှိလိုက်နာမည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူ ရှိမည်ဖြစ်ပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုလည်း ပိုမိုရရှိလာမည်ဖြစ်သည်။ ယင်းကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည့် စစ်သည်တော် ကျင့်ဝတ်များထဲမှ ပြည်သူများနှင့် ထိတွေ့ရာတွင် လိုက်နာရမည့် ကျင့်ဝတ်များကို ဖော်ပြလိုက်ပါသည်။

Podcast : ပြည်သူများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်

မြန်မာနယ်စပ်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမရှိရေး လုံခြုံရေးတပ်ကြပ်ရန် ထိုင်းရဲချုပ်ညွှန်ကြား

Dawei Watch

March 15, 2024

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ချထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမရှိရေး တင်းတင်းကြပ်ကြပ် ကိုင်တွယ်ကြရန် ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်က ညွှန်ကြားထားသည်။ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်နှင့် ကန်ချနဘူရီခရိုင်များတွင် ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးအတွက် နယ်ခြားစောင့် တပ်များကို ရဲချုပ်က မတ်လ ၁၂ ရက်စွဲဖြင့် စာထုတ်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်တွင်းရေး မတည်ငြိမ်မှုများကြောင့် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာမှုများကို တားဆီးရေးနှင့် တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းမှုမရှိရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ တရားမဝင် အလုပ်သမားများ တောလမ်းကတစ်ဆင့် မြို့ထဲ မလာရောက်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ်များနှင့် လမ်းကြောင်းများကို တင်းကြပ်ကြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရေးကျွမ်းကျင်သူ စတီဗင်စန်းယုက ပြောသည်။ “တိုက်ပွဲတွေ အရှိန်မြင့်လာပြီး လူတွေ (မြန်မာနိုင်ငံသား) သူ့နိုင်ငံထဲ အများကြီးဝင်လာမှာကို ကြိုကာတဲ့ သဘောပါ” ဟု ၎င်းက […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၂၀ကျော် ဖမ်းဆီးခံရ

Dawei Watch

March 13, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၂ ဦးကို ယနေ့ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ နံနက် ၈ နာရီခန့်တွင် ထုန့်ဖားဖမ်းဒေသ၌ တရားမဝင် ဝင်လာသော အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အားလုံးကို စစ်ဆေးရာ ခရီးသွားအထောက်အထား စာရွက်များနှင့် နိုင်ငံကူးလက်မှတ်များ မရှိကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ တရားမဝင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသဖြင့် မောပန်းနေကြကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပစ်ကပ်ကားတစ်စီး လမ်းဘေးရပ်ထားပြီး အနီးတွင် ခြေရာများ တွေ့ရသဖြင့် ရပ်ကွက်လူကြီးက မသင်္ကာဖြစ်ရာမှ အာဏာပိုင်များနှင့် […]

ထိုင်းတွင် ဆိုင်ကယ်များ အွန်လိုင်းက Live လွှင့်ရောင်းနေသော မြန်မာဇနီးမောင်နှံဖမ်းဆီးခံရ

Dawei Watch

March 13, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသတွင် အွန်လိုင်းကတစ်ဆင့် Live လွှင့်ပြီး ဆိုင်ကယ်များ ရောင်းချနေသော မြန်မာနှစ်ဦးကို စမွတ်စခွန် လဝကအရာရှိများက ဝင်ရောက်ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၁ နှစ်အရွယ် ကိုနီနှင့် အသက် ၂၃ နှစ်အရွယ် မမာတို့ ဇနီးမောင်နှံဖြစ်ပြီး အုန်းနွဲ့ဒေသရှိ နေထိုင်ရာ အခန်းထဲတွင် မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် Facebook နှင့် tiktok များကဲ့သို့ အွန်လိုင်းမီဒီယာများတွင် ကားနှင့် ဆိုင်ကယ်များကို Live လွှင့် ရောင်းချနေကြောင်း သတင်းရရှိခဲ့သဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ ကားနှင့် ဆိုင်ကယ်ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းတို့ကို ထိုင်းနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများ လုပ်ပိုင်ခွင့် မရှိကြောင်း […]

မြန်မာလုပ်သားများကို လစာမပေးသည့် အီတာလျံထိုင်းကုမ္ပဏီကို ထိုင်းအစိုးရဝင်စစ်

Dawei Watch

March 12, 2024

မြန်မာအလုပ်သမား ၄၀၀ နီးပါးကို လုပ်အားခမပေးသဖြင့် တိုင်ကြားခံထားရသော ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ အီတာလျံထိုင်းကုမ္ပဏီကို ထိုင်းအစိုးရက ဝင်ရောက်စစ်ဆေးပြီးနောက် ပြေလည်သွားပြီဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ ယမန်နေ့ (မတ်လ ၁၁) ရက်နေ့က ထိုင်းအလုပ်သမားရုံးနှင့် ဌာနဆိုင်ရာများက လုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အလုပ်ရှင် အလုပ်သမား နှစ်ဦး နှစ်ဖက် သဘောတူပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။ မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၅ သန်းကျော်ကို အလုပ်ရှင်ဘက်က အချိန်မီ ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် မတ်လ ၇ ရက်နေ့တွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ အမှုဖွင့်တိုင်ကြားခဲ့သည်။ မတ်လ ၈ ရက်နေ့တွင် အလုပ်ရှင်ဘက်က လုပ်အားခ ၁၅ ရက်စာ (တစ်ဝက်) ကို ထုတ်ပေးခဲ့ပြီး ကျန်ရှိသော လုပ်အားခ […]