ချွန်ဘူရီတွင် MoU မြန်မာလုပ်သား ၇၀ ကျော် ရောင်းစားခံရပြီး ဒုက္ခရောက်နေ
Dawei Watch
January 9, 2024ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် တရားဝင်လာရောက် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇၀ ကျော်သည် ရောင်းစားခံရသည့် အပြင် အလုပ်လည်း ပုံမှန်မလုပ်ရသဖြင့် ဒုက္ခရောက်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အဆိုပါအလုပ်သမားများသည် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် လာရောက် လုပ်ကိုင်ကြသူများဖြစ်သည်။ မြန်မာအလုပ်သမား ၇၁ ဦးကို မြန်မာအေဂျင်စီ Moe Thit Yan က ထိုင်းနိုင်ငံ ပထုံဌာနီရှိ Apisit ကုမ္ပဏီတွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ချုပ်ဆို၍ ပြီးခဲ့သောနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်သောအခါ စာချုပ်ပါလုပ်ငန်းခွင်သို့ မဟုတ်ဘဲ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ခံရကြောင်း အလုပ်သမားများက ပြောသည်။ စာချုပ်ပါ Apisit ကုမ္ပဏီသူဌေးက မြန်မာအလုပ်သမား ၇၀ ကျော်ကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။ “မင်းတို့သူဌေးကတော့ […]

                    
                    
                    
                    
                    
                    
                    
                    
