မြန်မာလုပ်သားများထံက ခြိမ်းခြောက်ငွေညှစ်ခဲ့သော ထိုင်းရဲ ရှစ်ဦးကို တာဝန်မှယာယီဆိုင်းငံ့
Dawei Watch
April 23, 2024ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ ကြက်သားစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့သော ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ဧပြီလ ၂၂ ရက်နေ့တွင် တာဝန်မှ ယာယီဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော မတ်လ ၂၉ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ကြက်သားစက်ရုံသို့ ရောက်ရှိလာပြီး အလုပ်သမားများကို လာရောက်စစ်ဆေးရာ မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့သည်။ အလုပ်ရှင်နှင့် အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးသောအခါ လိုအပ်သော စာရွက်စာတမ်းအားလုံး ပြည့်စုံနေခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ကျန်သော အထောက်အထား သက်သေများကို တောင်းခံခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမား များကို တရားစွဲမည်ဟု ခြိမ်းခြောက်ကာ အလုပ်သမားနှင့် အလုပ်ရှင်တို့ထံမှ […]


