ထိုင်းအဝေးပြေးကားများဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာ တစ်ရာနီးပါး ဖမ်းဆီးခံရ
Dawei Watch
June 5, 2024ထိုင်းနိုင်ငံ ချင်းရိုင်-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးကားများဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၉၁ဦး ဇွန်လ ၄ ရက် နံနက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့များက ပူးပေါင်း၍ အမှတ် ၁၀၁ အမြန်လမ်းမကြီးတစ်လျှောက်ဖြစ်သော ဖရဲလ်နှင့် ဥတရဒစ် ခရိုင်များတွင် ချင်းရိုင်-ဘန်ကောက် ဘတ်စ်ကားလေးစီးကို တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။ အဆိုပါ အဝေးပြေးကားလေးစီးပေါ်တွင် ထိုင်းခရီးသည်များ၊ အထောက်အထားပြည့်စုံသော မြန်မာနိုင်ငံသားများလည်း လိုက်ပါလာကြကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၉၁ဦးအနက် အချို့မှာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် စာအုပ်များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အခြားသူများမှာ အထောက်အထား မရှိသူများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရှိသူများက မယ်ဆိုင်ဒေသအတွင်းတွင်သာ လည်ပတ်ခွင့်ရှိမည်ဖြစ်ပြီး ခရီးသွားခွင့် မရှိကြောင်း ရဲတပ်ဖွဲ့ဘက်က […]


