ထိုင်းတွင် ဓားထိုးမှုဖြင့် မြန်မာစျေးသည်တစ်ဦး ဖမ်းဆီးခံရ
Dawei Watch
August 21, 2024ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် စျေးသည်အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးခဲ့သည်ဆိုကာ မြန်မာစျေးသည်တစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စီရချာဒေသရှိ ကုန်စုံဆိုင်ရှေ့ရှိ ဈေးတန်းတစ်ခုတွင် ဩဂုတ်လ ၂၀ရက်က ရိုတီ (ပလာတာ) ရောင်းချနေကြသည့် စျေးသည် အချင်းချင်း နေရာလုရာမှ စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း ဆိုသည်။ အချင်းများရာမှ မြန်မာစျေးသည်က ဓားဖြင့်ထိုးခဲ့သဖြင့် စျေးသည်အခြားတစ်ဦးမှာ မျက်နှာ၊ ခန္ဓာကိုယ်ပေါ်၊ နောက်ကျောနှင့် လက်များတွင် ပြတ်ရှဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့များ လာရောက်ချိန်တွင် အသက် ၄၇ နှစ်အရွယ်ရှိ အဆိုပါစျေးသည်မှာ ဓားဒဏ်ရာများဖြင့် ဈေးရောင်းဆိုင်ကယ်လှည်းဘေးတွင် လဲကျပြီး ငိုနေသည်ကို တွေ့ရကြောင်း ဆိုသည်။ ၎င်းကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ ဓားထိုးခံရသည့် စျေးသည်မှာ […]


