ထိုင်းတွင် ပွဲစားက မြန်မာလုပ်သားများကို အလုပ်ရှာပေးမည်ဟု ငွေလိမ်ပြီး လမ်းဘေးစွန့်ပစ်
Dawei Watch
August 30, 2024ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် စီမဟာဗောဓိဒေသတွင် မြန်မာပွဲစားက အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမား ၁၂ ဦးထံမှ ငွေကြေးလိမ်လည်ကောက်ခံခဲ့ပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့သဖြင့် ဒုက္ခရောက်နေကြကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ မြန်မာပွဲစားတစ်ဦးသည် အလုပ်သွင်းပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ တစ်ဦးစီအတွက် ဘတ် ၄၅၀၀ မှ ၇၀၀၀ အထိ ငွေကြိုတင်ကောက်ခံပြီး လမ်းတစ်နေရာအရောက်တွင် စွန့်ပစ်ခဲ့ကြောင်း New Workpoint 23 သတင်းဌာနက ဩဂုတ်လ ၂၈ ရက်နေ့တွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများ စွန့်ပစ်ခံရသော နေ့ရက်တို့ကိုမူ ဖော်ပြထားခြင်းမရှိပေ။ အလိမ်ခံရသော မြန်မာအလုပ်သမားများကို အနီးအနားရှိ ထိုင်းနိုင်ငံသားတစ်ဦးက ကူညီခဲ့ပြီး နေထိုင်ရန် အခန်းနှင့် ဆန်၊ စားစရာများ ပေးထားခဲ့ကြောင်း ဆိုသည်။ အနီးအနား နေထိုင်သူများကလည်း အစားအသောက်ပစ္စည်များ လာရောက်ကူညီပေးကမ်းကြကြောင်း သတင်းတွင် ဖော်ပြသည်။ […]


