BREAKING
May 15, 2025

ရွှေ့ပြောင်းလုပ်သား

ဗုံးခိုကျင်းတွေ ဆောက်ဖို့လိုပြီ

Dawei Watch

September 28, 2023

တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုများ ပိုမိုများပြားလာသည့် တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းများလိုအပ်နေပြီလား ဆိုသည်မှာစဉ်းစားစရာဖြစ်လာသည်။ ဒါကြောင့် လုံခြုံတဲ့ ဗုံးခိုကျင်းတစ်ခုကို ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ထိုင်းတွင် ဆိုင်ကယ်စီးလာသော မြန်မာတစ်ဦး အသတ်ခံရ

Dawei Watch

September 28, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင်တွင် ဆိုင်ကယ်ဖြင့် နေအိမ်ပြန်လာသော မြန်မာအလုပ်သမားတစ်ဦးကို အမည်မသိ လူငယ် ၄ ဦးက ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်စခွန်မြို့ ဝတ်စရီစုတ်ထာရမ် ဘုန်းကြီးကျောင်းလမ်းတွင် စက်တင်ဘာလ ၂၆ ရက်နေ့က အသက် ၂၀ အရွယ် မောင်ကောင်းအမည်ရှိသော မြန်မာအလုပ်သမားတစ်ဦး ဓားထိုးခံရခြင်းဖြစ်သည်။ ဆိုင်ကယ်များဖြင့် အမည်မသိလူငယ် ၄ ဦးက ရှေ့နောက် တားဆီး၍ ဓါးထိုးခဲ့မှုကြောင့် မြန်မာအလုပ်သမား၏ ခန္ဓာကိုယ်နှင့် နောက်ကျောတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ခဲ့သော အမည်မသိ လူငယ် ၄ ဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံ၍ လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ Ref: MC News, Sakhon News

ထိုင်းခရီးသွားမြို့ ပတ္တရားတွင် မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ထိုင်းသတင်းဌာနများဖော်ပြ

Dawei Watch

September 27, 2023

ထိုင်းနိုင်ငံ၏ ခရီးသွားမြို့ဖြစ်သော ပတ္တရားမြို့လယ်ကောင်တွင် မြန်မာနိုင်ငံသားအချင်းချင်း တုတ်များကိုင်ဆောင်ကာ အော်ဟစ်ရိုက်နှက်၍ ရန်ဖြစ်ခဲ့ကြမှုကို ထိုင်းသတင်းဌာနများတွင် ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြခဲ့ကြသည်။ မြန်မာအချင်းချင်း ရန်ဖြစ်နေသော ဗီဒီယိုဖိုင်တစ်ခုကို လွန်ခဲ့သော ၂ ရက်ခန့်က ခရီးသွားပြည်သူတစ်ဦးက Tiktok ပေါ်တွင် တင်ခဲ့ပြီးနောက် ခရီးသွားမြို့အတွက် ပုံရိပ်ထိခိုက်နိုင်ပြီး နိုင်ငံခြားခရီးသွားများအပေါ် ထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ မြန်မာများသည် တုတ်ချောင်းရှည်များကို ကိုင်ဆောင်ကာ ဆိုင်ထဲမှ အပြင်ဘက်အထိ အော်ဟစ်ရန်ဖြစ်ခဲ့ကြပြီး အနီးရှိ အမှိုက်ပုံးကိုကိုင်၍လည်း ပစ်ပေါက်နေသည်ကို ဗီဒီယိုဖိုင်မှတ်တမ်းအရ သိရသည်။ ရန်ပွဲကြောင့် ဆိုင်ကယ်စီးခရီးသွားများ အထိတ်တလန့်ဖြစ်စေခဲ့ပြီး အနီးရှိ ခရီးသွားနှင့် ပြည်သူများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါနေရာသည် ပတ္တရားစိုင်စွန် လမ်းအမှတ် ၁၇ တွင် ရှိနေခဲ့ပြီး နာမည်ကြီး Walking Street အနီးတွင် ရှိနေကြောင်း သတင်းတွင် […]

Podcast: ဗုံးခိုကျင်းတွေ ဆောက်ဖို့လိုပြီ

Dawei Watch

September 27, 2023

တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုများ ပိုမိုများပြားလာသည့် တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းများလိုအပ်နေပြီလား ဆိုသည်မှာစဉ်းစားစရာဖြစ်လာသည်။ ဒါကြောင့် လုံခြုံတဲ့ ဗုံးခိုကျင်းတစ်ခုကို ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ချင်းမိုင်တွင် MOU မြန်မာလုပ်သားများ ရက်၂၀ ကြာအထိ အလုပ်မရ

Dawei Watch

September 26, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများသည် ရက် ၂၀ ကြာသည်အထိ အလုပ်ရခြင်းမရှိသဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာအလုပ်သမားများနှင့် WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၄၄ ဦးသည် ထိုင်းနိုင်ငံ ဖိချဘွန်မြို့ KTK Engineering ကုမ္ပဏီတွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ Zin Tun Win 999 မှတစ်ဆင့် ၂ နှစ်စာချုပ်ချုပ်၍ ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း သိရသည်။ သို့သော် စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ချင်းမိုင်ခရိုင် ဖယ်မြို့ရှိ AKC Construction သို့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၂၅ ရက်နေ့အထိ တစ်ရက်သာ အလုပ်တင်းခဲ့ရပြီး ကျန်ရက်များတွင် အလုပ်ဆင်းခဲ့ရခြင်းမရှိသဖြင့် အစားအသောက်နှင့် နေထိုင်ရေး ခက်ခဲလာနေခဲ့ကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။  “ကျွန်တော်တို့အဆောင်တွေကလည်း မိုးမလုံဘူး။ […]

ထိုင်းတွင် ဒဏ်ရာရမြန်မာလုပ်သားကို လမ်းဘေးစွန့်ပစ်ခဲ့သည့် အလုပ်ရှင် ရဲစခန်းတွင်လာဖမ်းခံ

Dawei Watch

September 26, 2023

ထိုင်းနိုင်ငံတွင် ဒဏ်ရာရသည့် မြန်မာအလုပ်သမားကို လမ်ဘေးတွင်စွန့်ပစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် အလုပ်ရှင် ရဲစခန်းတွင်လာရောက်အဖမ်းခံကြောင်း မြန်မာအလုပ်သမားအရေးကူညီဆောင် ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ နခွန်စဝမ်ခရိုင်တွင် စက်တင်ဘာလ ၅ရက်နေ့က ဂိုဒေါင်ခေါင်မိုးပြုပြင်နေစဉ် မြန်မာအလုပ်သမားတစ်ဦး ပြုတ်ကျကာ ဒဏ်ရာရသဖြင့် အလုပ်ရှင်က ဆေးရုံသို့ ပို့ဆောင်မည်ဟုဆိုကာ ကားဖြင့်တင်ဆောင်လာပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအလုပ်သမားမှာသေဆုံးသွားပြီးနောက် အလုပ်ရှင်ထွက်ပြေးသွားခြင်းဖြစ်သည်။ ယင်းနောက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် နခွန်စဝမ်အနီးရှိ ပီကျစ်ရဲစခန်း၌ အလုပ်ရှင် လာရောက်ဝန်ခံ၍ အဖမ်းခံခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။ “သူကိုယ်တိုင် ရဲစခန်းကို လာပြီးတော့ ဝန်ခံသွားတယ်။ မှားပါတယ်ဆိုတဲ့အကြောင်း။ သူလုပ်တာပါဆိုတဲ့အကြောင်း ဝန်ခံသွားပြီ” ဟု ၎င်းက ပြောဆိုသည်။ အလောင်းဖျောက်ဖျက်မှု၊ အထောက်မထားမရှိသော အလုပ်သမားကို ခိုင်းစေမှုဖြင့် […]

ဗုံးခိုကျင်းတွေ ဆောက်ဖို့လိုပြီ

Dawei Watch

September 26, 2023

တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုများ ပိုမိုများပြားလာသည့် တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းများလိုအပ်နေပြီလား ဆိုသည်မှာစဉ်းစားစရာဖြစ်လာသည်။ ဒါကြောင့် လုံခြုံတဲ့ ဗုံးခိုကျင်းတစ်ခုကို ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်အားခ မရသဖြင့် အလုပ်ရှင်ကို အမှုဖွင့်

Dawei Watch

September 25, 2023

ထိုင်းနိုင်ငံ မြန်မာအလုပ်သမား ၁၉ဦး သည် လုပ်အားခ ဘတ် သုံးသိန်းခန့် မရရှိခဲ့သဖြင့် အလုပ်ရှင်ကို ယနေ့ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့တို့ထံမှ သိရသည်။ မြန်မာ အလုပ်သမားများသည် လွတ်ဘူရီခရိုင် ခွန်တူဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းဆိုဒ်တစ်ခုတွင် အလုပ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အလုပ်လုပ်ရက် ၄၅ ရက်ရှိပြီဖြစ်သော်လည်း ထိုင်းအလုပ်ရှင်ဘက်က အကြောင်းအမျိုးမျိုးပြ၍ လုပ်အားခ ထုတ်မပေးကြောင်း အလုပ်သမားများက ပြောသည်။ ထို့ကြောင့် WAG အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့ပြီး လွတ်ဘူရီခရိုင်ရှိ အလုပ်သမားကာကွယ်စောက်ရှောက်ရေးရုံး (ဆဝါဒီကန်) တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။ “အလုပ်သမားတွေက (တရားမဝင်) ခိုးလမ်းကတက်လာတယ်။ ဘတ်တွေ (အလုပ်လုပ်ခွင့်လက်မှတ်) ရိုက်ထားတယ်။ ပြီးတော့ သူတို့တွေက ဘတ်ရိုက်ခတွေ […]