ပတ္တယားတွင် တိုက်ခန်းများအထဲထိ ဝင်စစ်ဆေး၊ တရားမဝင်နေထိုင်သည့် မြန်မာ ၂၅ ဦး ဖမ်းဆီးခံရ
Dawei Watch
June 20, 2024ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ခရီးသွားမြို့ဖြစ်သော ပတ္တယားမြို့တွင် တိုက်ခန်းများအထဲထိ လဝကအဖွဲ့များက ဝင်ရောက် စစ်ဆေးပြီး တရားမဝင်နေထိုင်နေသော မြန်မာနိုင်ငံသား ၂၅ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပတ္တယားမြို့ နောပလူးဝီနေရာရှိ တိုက်ခန်းတစ်ခန်းတွင် တရားမဝင် နေထိုင်သူများ ရှိနေသည်ဟု တိုင်ကြားချက်ရရှိသဖြင့် ဇွန်လ ၁၈ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် လဝကတို့က ပူးပေါင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။ တိုက်ခန်းတွင် နိုင်ငံခြားသား ၅၇ ဦး နေထိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၃၂ ဦးက တရားဝင်နေထိုင်ခွင့် အထောက်အထား ရှိသူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ နောက်ထပ် နေထိုင်ခွင့်အထောက်အထားမရှိသော မြန်မာနိုင်ငံသား၂၅ ဦးကိုမူ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူပြီးလျှင် နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ တိုက်ခန်းပိုင်ရှင်ကိုလည်း […]

 
                     
                     
                     
                     
                     
                     
                     
                    
