ဘန်ကောက်တွင် စက်ရုံလုပ်သား မြန်မာဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်
Dawei Watch
October 4, 2024ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစောင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ပထမဆု ဘတ်ခြောက်သန်းကို ကံထူးကြောင်း မြန်မာအလုပ်သမားအရေးကူညီနေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၇၁၈၆၆၅ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။ ထီပေါက်သော ဇနီးမောင်နှံနှစ်ဦးသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၉ နှစ်ကျော် ရှိပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ ဇနီးမောင်နှံနှစ်ဦးသည် ထီဆုငွေထုတ်ယူရန် MHAC မဟာမိတ်အဖွဲ့ကို ကူညီတောင်းခံခဲ့သဖြင့် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူထံ ပေးအပ်ပြီးဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။ “ထီပေါက်တဲ့ လင်မယားက မြန်မာအလုပ်သမားတွေ အကူအညီတောင်းခံတဲ့အချိန် ရုံးအဖွဲ့သားတွေ မြန်မြန် […]


