ရနောင်းတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၃ဦး ဖမ်းဆီးခံရ
Dawei Watch
September 8, 2024ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၃ ဦးကို စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော် အမှတ် ၂၅ ခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်သည်။ ရနောင်းခရိုင် စုမ်စာရမ်ဒေသတွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းပေးတိုင်ကြားချက်ရရှိခဲ့သဖြင့် အာဏာပိုင်များ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးရာ ကားတစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် နောက်ကားတစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ခြောက် ဦး စုစုပေါင်း ၁၃ ဦးလိုက်ပါလာကြကြောင်း ဆိုသည်။ ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ ဖမ်းဆီးခံရသူအများစုသည် လူငယ်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံသားများမှာ ကော့သောင်းမှတစ်ဆင့် ရနှောင်းသို့ တရားမဝင် ဝင်လာကြသူများဖြစ်ပြီး ၎င်းတို့အား လိုက်ပါပို့ဆောင်ပေးသည့် ထိုင်းကားသမားနှစ်ဦးကိုလည်း ဖမ်းမိကြောင်း ဖော်ပြသည်။ […]


