မြန်မာလုပ်သားလေးဦး၏ ဘဏ်စာအုပ်များကို ထိုင်းပွဲစားက အဓမ္မသိမ်းယူ
Dawei Watch
October 2, 2024ထိုင်းပွဲစားက မြန်မာအလုပ်သမားလေးဦး၏ ပတ်စ်ပိုစ့်များဖြင့် ဘဏ်အကောင့်များ အတင်းဖွင့်ခိုင်းကာ ဘဏ်စာအုပ်များကို အဓမ္မသိမ်းယူထားသဖြင့် ကူညီဖြေရှင်းပေးနေရကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား လေးဦးသည် ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် နေထိုင်နေစဉ် အလုပ်မရှိသေးသဖြင့် အလုပ်ရှာဖွေပေးရန် မြန်မာပွဲစားတစ်ဦးထံ ချိတ်ဆက်ခဲ့ကြောင်း၊ မြန်မာပွဲစားမှတစ်ဆင့် ထိုင်းပွဲစားတစ်ဦးထံ ချိတ်ဆက်ပေးခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထိုင်းပွဲစားက မြန်မာအလုပ်သမားများကို ကားဖြင့် လာခေါ်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ ထိုင်းပွဲစားက မြန်မာအလုပ်သမားများကို ဘဏ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်စာအုပ်များဖြင့် ဘဏ်အကောင့်များကို အတင်းအကျပ်ဖွင့်စေခဲ့ကြောင်း သိရသည်။ ယင်းနောက် ဘဏ်စာအုပ်များကို ထိုင်းပွဲစားက အဓမ္မသိမ်းယူခဲ့ပြီး အလုပ်သမားများကို ကားပေါ်တင်ကာ အကြောင်းပြချက်မရှိဘဲ နာရီအတော်ကြာ လှည့်ပတ်မောင်းနေခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ အလုပ်သမားများက ထိုင်းပွဲစားကို သွားရောက်မည့်နေရာအား […]


