ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ငွေလိမ်ခံရမှုများလာ၍ အလုပ်မရခင် ငွေကြိုမပေးရန် ထိုင်းရောက် မြန်မာများကိုတိုက်တွန်း

Dawei Watch

November 25, 2024

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် ဘတ်ငွေသန်းချီအထိ အလိမ်ခံရမှုများ ရှိလာရသဖြင့် အလုပ်မရခင် အလုပ်လျှောက်ထားခများကို ကြိုမပေးကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။ ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့က မဟာချိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်ရရန် မြန်မာအလုပ်သမားများသည် အလုပ်လျှောက်ထားခနှင့် စာရွက်စာတမ်းကြေးများအတွက် ဘတ်ငွေ သိန်းဆယ်ချီ ကြိုတင်ပေးဆောင်ခဲ့သော်လည်း ထိုင်းအမျိုးသမီးနှစ်ဦးက လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့သည်။ ယင်းသတင်းကို Dawei Watch ကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြထားပြီးဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်နေသော မြန်မာအလုပ်သမားအများစုက အလုပ်ရရေး ရှိစုမဲ့စု ငွေကြေးများကို ရှာဖွေချေးငှား၍ ပေးလိုက်ခြင်းဖြစ်သော်လည်း လိမ်လည်ခံလိုက်ရသဖြင့် ထပ်ဆင့် ဒုက္ခရောက်နေကြကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ ထို့ကြောင့် အလုပ်ရှာဖွေချိန် အလုပ်ရရန် မသေချာပါက မြန်မာအလုပ်သမားများအနေဖြင့် ပွဲစားများကို […]

ဆောင်းအမီ …. စစ်ရှောင်အကူအညီ

Dawei Watch

November 22, 2024

တိုက်ပွဲများနှင့် ပဋိပက္ခများ ပြင်းထန်လာမှုနှင့်အတူ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ခြောက်သောင်းခန့် ပုံမှန်လိုလိုရှိနေသည်။ စစ်ဘေးရှောင်များလာသလို တစ်ဖက်တွင်လည်း ရာသီအကူးအပြောင်း ရောဂါများ၊ အအေးပိုနိုင်သည့် ဆောင်းရာသီ အခြေအနေများကြောင့် ဆေးဝါး၊ အနွေးထည်နှင့် အမိုးအကာ အပါအဝင် ရိက္ခာလိုအပ်ချက် ပိုများလာနေသည်။ လတ်တလော အလှူရှင်နည်းပါးသဖြင့် စားနပ်ရိက္ခာပင် မလုံလောက်သည့် အခြေအနေတွင် ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မလွယ်ကူကြောင်း စစ်ဘေးရှောင် ကူညီသူများကဆိုကြသည်။

မဟာချိုင်တွင် ထိုင်းအမျိုးသမီးနှစ်ဦး မြန်မာလုပ်သားများထံမှ ဘတ်သိန်းဆယ်ဂဏန်းလိမ်

Dawei Watch

November 21, 2024

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ စက်ရုံတွင်အလုပ်ရမည်ဟုဆိုကာ ထိုင်းအမျိုးသမီးနှစ်ဦးက မြန်မာအလုပ် သမား များထံမှ ဘတ်ငွေသိန်းဆယ်ဂဏန်း လိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း အမှုကိုလိုက်ပါကူညီဖြေရှင်းပေးနေ သော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် အေကချိုင်လမ်းရှိ စက်ရုံတစ်ရုံတွင် အလုပ်သွားလျှောက်သောအခါ စက်ရုံရှိ ထိုင်းအမျိုးသမီး နှစ်ဦးက နိုဝင်ဘာလ ၂၀ရက်တွင် အလုပ်ဝင်ရမည်ဟုပြောပြီး ငွေကြေးကြိုတင်တောင်းယူခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။ အထောက်အထားမရှိသော မြန်မာများကို ဘတ်ခုနစ်ထောင် ကြိုတင်ကောက်ခံခဲ့ပြီး စာရွက်စာတမ်းပြည့်စုံသူများကို ဘတ် ၃၅၀၀ ကြိုတင်ကောက်ခံခဲ့ကြောင်း AAC ထံမှ သိရသည်။ ယင်းစက်ရုံတွင် အလုပ်လျှောက်ခဲ့သော မြန်မာအလုပ်သမား ၁၄၉ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod သတင်းတွင် ဖော်ပြသည်။ စာရင်းမရသေးသည့် မြန်မာအလုပ်သမားများ ဆက်လက်ရှိနေပြီး လက်ရှိစာရင်းရထားသူများကို တွက်ချက်မှုအရ ဘတ်သိန်း […]

ဘန်ကောက်တွင် အီးစီးကရက်ထုတ်အလုပ်ရုံက မြန်မာအမျိုးသမီး ၂၀ကျော် ဖမ်းဆီးခံရ

Dawei Watch

November 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ အီးစီးကရက် (E-cigarette) ထုတ်လုပ်နေသော အလုပ်ရုံတွင် လုပ်ကိုင်နေသော မြန်မာအမျိုးသမီး ၂၂ ဦး နိုဝင်ဘာလ ၁၈ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အီးစီးကရက်များ တရားမဝင် ထုတ်လုပ်နေကြောင်း သတင်းရသဖြင့် ထိုင်းအာဏာပိုင်များက ဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးစဉ် အလုပ်ရှင် တရုတ်သူဌေးနှင့်အတူ မြန်မာနိုင်ငံသားများကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အလုပ်ရုံ၏အရှေ့တွင် အလှပြင်ဆိုင်ကဲ့သို့ မိတ်ကပ်စသော အလှကုန်ပစ္စည်းများကို ပြသထားသော်လည်း ဆိုင်အနောက်တွင် ထိုင်းဥပဒေအရ တားမြစ်ထားသော အီးစီးကရက်များကို ထုတ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။ စစ်ဆေးစဉ် တရုတ်နိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့် မြန်မာအမျိုးသမီး ၂၂ ဦးတို့ အလုပ် လုပ်ကိုင်နေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ အလုပ်ရုံထဲတွင် အီးစီးကရက် ၃၅၀၀ […]

ဘန်ကောက်အနီး ကားတိမ်းမှောက်ပြီး မြန်မာခုနစ်ဦးသေဆုံး

Dawei Watch

November 20, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင်တွင် ကားတိမ်းမှောက်ပြီး မြန်မာနိုင်ငံသားခုနစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်ပထုံခရိုင် ဘန်လင်းဒေသ ကော့ရေ့ဘုန်းကြီးကျောင်းရှေ့ လမ်းကွေ့တွင် ယနေ့ နိုဝင်ဘာလ ၂၀ရက် နံနက် မိနစ် ၃၀ ခန့် (နိုဝင်ဘာလ ၁၉ရက် ညသန်းခေါင်ကျော်) က ကားတိမ်းမှောက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကားမရပ်ဘဲ မောင်းထွက်ပြေးပြီးနောက် လမ်းကွေ့အရောက် တွင် အရှိန်မထိန်းနိုင်ဘဲလမ်းမီးတိုင်ကို ဝင်တိုက်ကာ လမ်းဘေးမြောင်းထဲ ထိုးဆင်းခဲ့ကြောင်း ဆိုသည်။ ကားပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း မြန်မာနိုင်ငံသား ခုနစ်ဦးစလုံး သေဆုံးကြောင်း ရေးသားထားသည်။ ကားမောင်းသူမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်းနံဘေးတွင် နောက်ထပ် မြန်မာတစ်ဦးကိုလည်း သေဆုံးလျက်တွေ့ရကြောင်း ဖော်ပြသည်။ နောက်ထပ် မြန်မာအမျိုးသမီးငါးဦးမှာ […]

ထိုင်းတွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ

Dawei Watch

November 19, 2024

ထိုင်းနိုင်ငံ နခွန်စဝမ်ဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဝေးပြေးလမ်းမများပေါ် မောင်းလာသော ပစ်ကပ်ကားကို မသင်္ကာ၍ အစစ်အဆေးခံရန် ရဲတပ်ဖွဲ့က အချက်ပြခဲ့သော်လည်း အစစ်အဆေးမခံဘဲ အရှိန်မြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ကားအရှေ့နှင့် အနောက်က ပိတ်ညှပ်၍ ဖမ်းဆီးခဲ့ရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကားပေါ်တွင် ပြည့်ကျပ်စွာလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၂ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို ဖမ်းမိခဲ့ကြောင်း ရေးသားထားသည်။ ထိုင်းကားသမားကလည်း နောက်ထပ် ကားတစ်စီးရှိသေးကြောင်း ဝန်ခံခဲ့သဖြင့် ရဲတပ်ဖွဲ့က ထပ်မံစောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ရာမှ ၂ စီးစလုံးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ နောက်ကားတစ်စီးထဲတွင်လည်း မြန်မာနိုင်ငံသား […]

ဘန်ကောက်တွင် မြန်မာလုပ်သားတစ်ဦး ထိုင်းထီဘတ်ခြောက်သန်းပေါက်

Dawei Watch

November 18, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားတစ်ဦးသည် နိုဝင်ဘာလ ၁၆ ရက်က ဖွင့်လှစ်သော ထိုင်းထီတွင် ပထမဆု ဘတ် ခြောက်သန်းပေါက်ကြောင်း မြန်မာအလုပ်သမားအရေးကူညီနေသည့် AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထိုင်းထီ ပထမဆုဂဏန်း ၁၈၇၂၂၁ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခြင်းဖြစ်သည်။ မြန်မာအလုပ်သမားသည် ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေတွင် နေထိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း AAC အဖွဲ့ထံမှ သိရသည်။ အလုပ်လုပ်ကိုင်နေစဉ် ထီသည်အဖိုးကြီးထံ ထီတစ်စောင် ဝယ်ယူကံစမ်းခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ “တွန်းလှည်းလေးနဲ့ လာရောင်းတာ။ ခြေတစ်ဖက် ပြတ်နေတယ်ဆိုတော့ အဘိုးကြီးကို သနားလို့ဆိုပြီး ဝယ်လိုက်တာ။ အဲဒီမှာ ပေါက်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ဆုငွေများကို ယနေ့ နိုဝင်ဘာလ […]

မြန်မာ‌တွေဦးဆောင်တဲ့ ထိုင်းတောင်ပိုင်း ရနောင်းမြို့က နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲ

Dawei Watch

November 17, 2024

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ (ယနေ့) ကျင်းပ‌နေပါတယ်။ မြန်မာတွေဦးဆောင်တဲ့ အဲဒီဘုရားလှည့်ပွဲဟာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး အဝတ်ဖြူဝတ်အမျိုးသားတွေနဲ့ ယောဂီဝတ်အမျိုးသမီးတွေက လိုက်ပါခဲ့ပါတယ်။ ရနောင်းမြို့ရှိ စက်ရုံ၊အလုပ်ရုံ၊ ငါးဂိုဒေါင်တွေနဲ့ ငါးဖမ်းလှေတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေက မြန်မာ့ဟန် ထုလုပ်ပူ‌ဇော်ထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို လှည့်လည်ပူဇော်ခဲ့တာပါ။ ရနောင်းမြို့အတွင်း ဘုရားလှည့်ပွဲမှာ ထိုင်းရဲတပ်ဖွဲ့ဝင်အချို့နဲ့ ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က လမ်းရှင်းပေးပြီးကာ လိုက်ပါကူညီခဲ့ပါတယ်။