BREAKING
October 29, 2025

ရွှေ့ပြောင်းလုပ်သား

ဖူးခက်မြေပြိုမှုတွင် သေဆုံးသော ထားဝယ်ဒေသခံများ၏အလောင်းများကို ဘုန်းကြီးကျောင်းများသို့ပြောင်းရွှေ့

Dawei Watch

August 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ မြေပြိုမှုတွင် သေဆုံးခဲ့သော ထားဝယ်ဒေသခံရှစ်ဦး၏ ရုပ်အလောင်းတို့ကို ဩဂုတ်လ ၂၆ ရက် ညနေပိုင်းတွင် ဆေးရုံမှထုတ်ယူပြီး ဘုန်းကြီးကျောင်း ငါးကျောင်းသို့ ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံများထံမှ သိရသည်။ ရုပ်အလောင်းများကို မိသားစုဝင်များက ဆေးရုံမှ ထုတ်ယူခဲ့ပြီး သက်ဆိုင်ရာဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့၍ သင်္ဂြိုဟ် မည့်ကိစ္စများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။ “မိသားစုဝင်တွေကနေ နေ့တွေသတ်မှတ်ပြီး သင်္ဂြိုဟ်ကိစ္စတွေ စီစဉ်ကြလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။ သေဆုံးသူ ထားဝယ်ဒေသခံရှစ်ဦးအနက် ကိုကျော်လွင်၏ ရုပ်အလောင်းကို ဝပ်တိုင်းဘုန်းကြီးကျောင်း၊ ကိုရာဇာထက်နှင့် မချိုယဉ်သန်းတို့၏ ရုပ်အလောင်းတို့ကို ကတဘုန်းကြီးကျောင်းများတွင် ထားရှိထားပြီး လာမည့် ဗုဒ္ဓဟူးနေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း ကူညီဆောင်ရွက်နေသူတို့ထံမှ သိရသည်။ မအိအိဖြိုးလှိုင်၏ ရုပ်အလောင်းကို ကော့စေလီဘုန်းကြီးကျောင်းတွင်ထားရှိပြီး […]

မြေအောက်ရထားလမ်းပြိုကျမှုတွင် ပိတ်မိနေသည့် မြန်မာတစ်ဦးအပါအဝင်သုံးဦး အသက်ရှင်နေကြောင်း လက္ခဏာတွေ့

Dawei Watch

August 26, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို ရှာဖွေကယ်ဆယ်နေရာ ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်နေသေးသည်ဟု ယုံကြည်ရသော လက္ခဏာ (vital signs) ကို စစ်ဆေးတွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲခန့်က မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ မြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိသွားသော အလုပ်သမားသုံးဦးကို မြေတူးစက်များဖြင့် ရှာဖွေကယ်ဆယ်နေရာ တစ်ရက်ကျော်အကြာ ယနေ့ ဩဂုတ်လ ၂၆ရက် နံနက် ၄ နာရီခွဲခန့်က အသက်ရှင်နေသေးသော လက္ခဏာများကို ရေဒါက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အထဲပိတ်မိနေသူများကို ရေဒါစနစ်ဖြင့် ရှာဖွေနေရာ ရေဒါတွင် ပိတ်မိနေသူ သုံးဦးစလုံး အသက်ရှင်နေသေးသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်ရှိတွင် ရေဒါတွင် […]

ထိုင်းတွင် ဆောက်လက်စ မြေအောက်ရထားလမ်းပြိုကျပြီး မြန်မာတစ်ဦးအပါအဝင် သုံးဦးပိတ်မိ

Dawei Watch

August 25, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စ မြေအောက်ရထားလမ်း လုပ်ငန်းခွင်တစ်ခု ပြိုကျပြီး မြန်မာအလုပ်သမားတစ်ဦး အပါအဝင် အလုပ်သမား သုံးဦး ပိတ်မိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြေအောက်ရထားလမ်း လုပ်ငန်းခွင်ထဲတွင် ဘက်ဟိုးနှင့် ထရပ်ကားများဖြင့် မြေတူးနေကြစဉ် ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲခန့်တွင် လမ်းပြိုကျခြင်းဖြစ်သည်။ ပြိုကျမှုဖြစ်ခဲ့သော လုပ်ငန်းခွင်သည် တရုတ်-ထိုင်း မြန်နှုန်းမြင့် မြေအောက်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ဖြစ်သည်။ မြေပြိုသည့်အချိန် မိုးရွာခြင်းမရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ မြေပြိုမှုကြောင့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ထရပ်ကားမောင်းသည့် မြန်မာနိုင်ငံသားတစ်ဦး ပိတ်မိနေပြီး ယနေ့ နေ့လယ်ပိုင်းအထိ ပြန်မတွေ့သေးကြောင်း ဆိုသည်။ လှိုင်ခေါင်းဝင်ပေါက်နှင့် ၄ ကီလိုမီတာခန့်အကွာတွင် ပြိုကျခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက မြေတူးစက်များဖြင့် အထဲသို့ ရောက်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သတင်းများတွင် […]

ဖူးခက်တွင် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် ၁၃ ဦး သေဆုံး

Dawei Watch

August 25, 2024

ထိုင်းတောင်ပိုင်း၊ ဖူးခက်မြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော ဖူးခက်နေ ထားဝယ်ဒေသခံများထံမှ သိရသည်။ ဖူခက်မြို့တွင် တစ်ညလုံး မိုးကြီးခဲ့ပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကတရပ်ကွက်ရှိ တောင်ကုန်း မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦး၊ ရုရှားနိုင်ငံသား ၂ ဦးတို့ သေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော Andaman Friendship Association AFA အဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် သေဆုံးသူများ၏ အလောင်းများကို ဆေးရုံမှ ထုတ်ယူရန် စောင့်ဆိုင်းနေကြကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။ […]

ထိုင်းတွင် ၂ လကျော်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၉၀၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

August 24, 2024

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၇၈ ရက်(၂ လကျော်) အတွင်း လုပ်ငန်းခွင်ထဲရှိ ရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းကျော်ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာ ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ (ဩဂုတ် ၂၄)တွင် ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ ဩဂုတ်လ ၂၂ ရက်နေ့အထိ မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းကျော်ကို စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၅၇၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ဟုဆိုသည်။ စစ်ဆေးခဲ့သော အလုပ်သမား နှစ်သိန်းကျော်တွင် မြန်မာအလုပ်သမား ၁၅၅၀၀၀ ကျော်ဖြင့် […]

ဖူးခက်တွင် မြေပြိုမှု ထားဝယ်ဒေသခံ ၇ ဦးအထိသေဆုံး၊ ပျောက်ဆုံးသူများရှိနေ

Dawei Watch

August 24, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် သေဆုံးသူ ထားဝယ်ဒေသခံ ၇ ဦးအထိ ရှိလာပြီး မြေစာပုံအောက် ပျောက်ဆုံးသူများရှိနေဆဲဖြစ်ကြောင်း ဖူးခက်ရှိ ထားဝယ်ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ဖူခက်မြို့တွင် တစ်ညလုံး မိုးကြီးခဲ့ပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကတာရပ်ကွက်ရှိ တောင်ကုန်းပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုကြောင့် သေဆုံးသူ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး၊ ရုရှားနိုင်ငံသား ၂ ဦး၏ အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော Andaman Friendship Association AFA အဖွဲ့ထံမှ သိရသည်။ “ကျွန်တော်တို့ မြန်မာတွေ အလောင်း […]

ဖူးခက်တွင် မြေပြိုမှု ထားဝယ်သူ တစ်ဦးအပါအဝင် မြန်မာသုံးဦးသေဆုံး၊ ပျောက်ဆုံးသူများရှိ

Dawei Watch

August 23, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူခက်မြို့ ကတာရပ်ကွက်တွင် မိုးကြီးပြီး မြေပြိုကျမှုတွင် ထားဝယ်သူတစ်ဦးအပါအဝင် မြန်မာ နိုင်ငံသား သုံးဦးသေဆုံးပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ထိုင်းသတင်းဌာနများနှင့် ဖူးခက်တွင် နေထိုင်သည့် မြန်မာများထံမှ သိရသည်။ မြေပြိုမှုတွင် မြန်မာအပြင် ထိုင်းနိုင်ငံသား သုံးဦး၊ ရုရှားနိုင်ငံသား နှစ်ဦးလည်းသေဆုံးသဖြင့် စုစုပေါင်းရှစ်ဦး သေဆုံး ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ မြေပြိုမှုကြောင့် ပိတ်မိနေသူများကို ကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူများရှိသဖြင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လုပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ပျောက်ဆုံးသူများထဲတွင် မြန်မာနိုင်ငံသား မိသားစုလိုက် ပါဝင်နေကြောင်း ဖူးခက်တွင် နေထိုင်သည့် ထားဝယ်သား တစ်ဦးက ပြောသည်။ “(မြန်မာ) မိသားစုတစ်စုလုံး ပျောက်သွားလို့ လိုက်ရှာနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။ မြေပြိုမှုကြောင့် သေဆုံးသူထဲတွင် ထားဝယ်သားများ ပါဝင်ကြောင်း အထက်ပါ […]

ထိုင်းတောင်ပိုင်း ကော့ဖငန်းကျွန်းတွင် ကုန်စုံဆိုင်ပိုင်ရှင်အပါအဝင် မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

August 22, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ခရီးသွားကျွန်းဖြစ်သော ကော့ဖငန်းကျွန်းတွင် တရားမဝင် ဆိုင်ဖွင့်ရောင်းချနေသော မြန်မာကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး ဩဂုတ်လ ၂၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းလာသော စီးကရက်၊ ငါးသေတ္တာ၊ ကော်ဖီထုပ်နှင့် အခြားသော ပစ္စည်းများကို ရောင်းနေပြီး ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်စီးပွားရေးလုပ်ကိုင်နေသဖြင့် ဆိုင်ပိုင်ရှင် မအေးအေးခိုင် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။ ကျွန်းပေါ်ရှိ မြန်မာကုန်စုံဆိုင်ထဲသို့ ထိုင်းလဝကရဲတပ်ဖွဲ့များနှင့် နယ်မြေခံတာဝန်ရှိသူများက ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဆိုင်ပေါ်တင်ရောင်းထားသော ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကော်ဖီထုပ်နှင့် ဆေးလိပ်များ အပါအဝင် တားမြစ် ကုန်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ ဆိုင်အတွင်း ဝင်စစ်ဆေးစဉ် အခြား မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း ဖော်ပြထားသည်။ အသက် ၂၇ နှစ်အရွယ် […]