ချင်းမိုင်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးခံရမှု မြန်မာ ၈ ဦး ပါဝင်
Dawei Watch
November 28, 2024ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်း-တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၈ ဦးလည်း ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်မြို့အတွင်းနှင့် စန်စိုင်း၊ စန်ကန်ဖေးရပ်ကွက်များရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသော အိမ် ၁၁ လုံးကို ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က နိုဝင်ဘာလ ၂၆ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အမှုနှင့် သက်ဆိုင်နေသော တရုတ်နိုင်ငံသား ၅ ဦး၊ ထိုင်းနိုင်ငံသား၂ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၈ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများတွင် ဝရမ်းထုတ်ထားသော ထိုင်းအမျိုးသမီး Jirapan လည်း ပါဝင်ခဲ့ပြီး အိမ်ငှားမှု၊ အွန်လိုင်းငွေလိမ်မှုနှင့်ပက်သက်သော ဆက်စပ်ပစ္စည်းများအတွက် အဓိက တာဝန်ရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။ အခြားသူများသည် […]


