ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ ဘတ်အသစ် အမည်စာရင်း လျှောက်ထားနိုင်မည်ဟုဆို
Dawei Watch
December 11, 2024ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းလဝက၏ ထုတ်ပြန်ချက်နှင့် အကျိုးဆောင်များထံမှ သိရသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်ခင် လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။ အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်းတင်သွင်းခြင်းကို လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ခွင့်ပြုပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က အကြောင်းကြားထားကြောင်း မြန်မာအလုပ်သမားအကျိုးဆောင်များထံမှ သိရသည်။ “သူတို့ (ဒီဇင်ဘာ) […]


