ထိုင်းတွင် ဆိုင်ကယ်များ အွန်လိုင်းက Live လွှင့်ရောင်းနေသော မြန်မာဇနီးမောင်နှံဖမ်းဆီးခံရ
Dawei Watch
March 13, 2024ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသတွင် အွန်လိုင်းကတစ်ဆင့် Live လွှင့်ပြီး ဆိုင်ကယ်များ ရောင်းချနေသော မြန်မာနှစ်ဦးကို စမွတ်စခွန် လဝကအရာရှိများက ဝင်ရောက်ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၁ နှစ်အရွယ် ကိုနီနှင့် အသက် ၂၃ နှစ်အရွယ် မမာတို့ ဇနီးမောင်နှံဖြစ်ပြီး အုန်းနွဲ့ဒေသရှိ နေထိုင်ရာ အခန်းထဲတွင် မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် Facebook နှင့် tiktok များကဲ့သို့ အွန်လိုင်းမီဒီယာများတွင် ကားနှင့် ဆိုင်ကယ်များကို Live လွှင့် ရောင်းချနေကြောင်း သတင်းရရှိခဲ့သဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ ကားနှင့် ဆိုင်ကယ်ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းတို့ကို ထိုင်းနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများ လုပ်ပိုင်ခွင့် မရှိကြောင်း […]