ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက်တွင် မြန်မာတစ်ဦးကို ကူညီဖျန်ဖြေပေးစဉ် ပစ်ခတ်ခံရသဖြင့် ထိုင်းရဲအရာရှိတစ်ဦးသေဆုံး

Dawei Watch

January 6, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စိုင်းမိုင်နယ်မြေတွင် ထိုင်းနိုင်ငံသား၏ ခြိမ်းခြောက်ပြောဆိုမှုကိုခံရသဖြင့် အကူအညီ လာရောက်တောင်းခံသည့်မြန်မာနိုင်ငံသားကို ကူညီဖျန်ဖြေပေးစဉ် ထိုင်းရဲအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီခန့်က ချလုံဖုံလမ်းရှိ ဆံပင်ညှပ်ဆိုင်ရှေ့တွင် စိုင်းမိုင်ရဲစခန်းက အသက် ၅၅နှစ်အရွယ် ဒုရဲမှူးကြီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။ သေနတ်ပစ်သတ်သူသည် ဆိုင်ကယ်နှင့် ကားပြင်ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါထိုင်းနိုင်ငံသားသည် မြန်မာနိုင်ငံသားတစ်ဦးနှင့် စကားအချေအတင်ဖြစ်ပြီး ရန်ဖြစ်ခဲ့ကြောင်း ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် အချင်းများကြသည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ အချင်းများနေစဉ် မြန်မာနိုင်ငံသား ထွက်ပြေးသွားသဖြင့် ထိုင်းနိုင်ငံသားက နောက်ကလိုက်လာ၍ လိုက်ရှာခဲ့ကြောင်း ဖော်ပြသည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံသားသည် တာဝန်ချိန်ပြီးသဖြင့် အရပ်ဝတ်ဖြင့် […]

မဲဆောက်တွင် ကုန်တင်ကားဖြင့် တရားမဝင်လိုက်ပါလာသော မြန်မာ ၂၄ဦး ဖမ်းဆီးခံရ

Dawei Watch

January 5, 2025

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်ဒေသတွင် ကုန်တင်ကားဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၄ ဦးသည် ဇန်နဝါရီလ ၄ ရက် ညပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဟင်းသီးဟင်းရွက် ကုန်တင်ကားတစ်စီးကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ကုန်တင်ကား၏ အနောက်ဘက်ကို တာလပတ်များဖြင့် ဖုံးလာခဲ့ခြင်းဖြစ်ပြီး အထဲတွင် မြန်မာအမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ခုနစ်ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများတွင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ အသက် ၂၀ အရွယ် ထိုင်းကားသမားနှင့် နောက်လိုက်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို တာခ့်ခရိုင် ဝမ်ကျောက်ဒေသမှတစ်ဆင့် ကန်ဖန်းဖက်ခရိုင်သို့ ပို့ဆောင်ပေးရန် […]

လုပ်အားခကိစ္စ အချင်းများရာမှ မြန်မာတစ်ဦးက ထိုင်းတစ်ဦးကို ဓားဖြင့်ထိုးသတ်ဟုဆို

Dawei Watch

January 3, 2025

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်တွင် လုပ်အားခကိစ္စပြောဆိုရာမှ အချင်းများရန်ဖြစ်ရာ မြန်မာနိုင်ငံသားက ထိုင်းနိုင်ငံသားကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇန်နဝါရီလ ၁ ရက်က မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ အရက်အတူတူသောက်စဉ် လုပ်အားခကိစ္စပြောဆိုကြကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်သမားများထက် လုပ်အားခ ရရှိမှု ပိုနည်းနေကြောင်း ပြောဆိုရာမှအစပြုကာ အချင်းများရန်ဖြစ်ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ နှစ်ဦးစလုံးတွင် ဓားကိုင်ဆောင်လာခဲ့ရာ မြန်မာအလုပ်သမားက ထိုင်းနိုင်ငံသား၏ ရင်ဘတ်ကို ဓားဖြင့် ထိုးခဲ့သည်ကို CCTV မှတ်တမ်းများအရ သိရကြောင်း ဆိုသည်။ ထို့နောက် ထိုင်းနိုင်ငံသားက ၎င်း၏ ဒဏ်ရာကို အနီးတွင်နေထိုင်သူတစ်ဦးအား စစ်ဆေးစေခဲ့ပြီး ခဏအကြာတွင် သေဆုံးခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။ ဓားဖြင့် ထိုးခဲ့သော ကိုဝင်းဆိုသည့် မြန်မာနိုင်ငံသားသည် အခင်းဖြစ်ပြီးနောက် ကျောပိုးအိတ်ကိုယူ၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။ […]

ထိုင်းတောင်ပိုင်းတွင် ရေတံခွန်ပေါ်က ပြုတ်ကျ၍ မြန်မာတစ်ဦးသေဆုံး

Dawei Watch

January 2, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ရေတံခွန်သုံးလွှာပေါ်က ပြုတ်ကျသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၃၁ နှစ်အရွယ် ကိုအောင်ထိုက်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဟတ်ယိုင်ဒေသရှိ စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်သည်။ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဟတ်ယိုင်ဒေသရှိ တွန်းငါးချန်းရေတံခွန်သို့ မိသားစုနှင့်အတူ အလည်ထွက်လာသော ကိုအောင်ထိုက်မှာ ကျောက်တုံးများပေါ်က ဖြတ်လျှောက်စဉ် ရေတံခွန်သုံးလွှာအမြင့်ပေါ်က ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။ ရေတံခွန်သည် အလွန်မတ်စောင့်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက သုံးနာရီကျော်ကြာအောင် အလောင်းကို ကြိုးများတွဲ၍ ခက်ခက်ခဲခဲ ပြန်ဆယ်ခဲ့ရကြောင်း ဖော်ပြထားသည်။ ဆယ်ယူရရှိသော အလောင်းကို ရင်ခွဲစစ်ဆေးရန်အတွက် ဟတ်ယိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး‌ နောက်ပိုင်းတွင် မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။ တွန်းငါးချန်းရေတံခွန်၏ သုံးလွှာသည် အလွန်မတ်စောက်သဖြင့် ယခင်ကလည်း […]

ချင်းမိုင်မြို့က အဝယ်တော် ထားဝယ်သားမောင်ထူး

Dawei Watch

December 31, 2024

ချင်းမိုင်မြို့နေ မြန်မာတစ်ချို့ ဘာပဲလိုလို ထားဝယ်သားမောင်ထူးက အသင့်ရှိနေပါတယ်။ ချင်းမိုင်ရောက်မြန်မာတွေအတွက် အဝယ်တော်မောင်ထူးက ဘယ်လိုပစ္စည်းတွေ ဝယ်ပေးရလေ့ရှိလဲ။ ဘယ်လိုစိန်ခေါ်မှုတွေရှိနေပါသလဲ။

စက်မှုအင်ဂျင်နီယာ တစ်ဖြစ်လဲ နေ့စားမီးလိုင်းအလုပ်သမားဘဝ

Dawei Watch

December 31, 2024

စစ်အာဏာသိမ်းဂယက်က အင်ဂျင်နီယာတစ်ယောက်ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့ ပါတယ်။ စက်ယန္တယားကုမ္ပဏီတစ်ခုမှာ မဂ္ဂနစ် (စက်ပြင်) ရာထူးနဲ့ လုပ်ကိုင်ခဲ့တဲ့ ထားဝယ်သား အင်ဂျင်နီယာ ကိုဇော်ထိုက်က ထိုင်းနိုင်ငံရောက်ချိန်မှာတော့ နေ့စားလုပ်သမားအဖြစ်နဲ့ ရုန်းကန်နေရတာပါ။ ကိုဇော်ထိုက်က ထိုင်းတောင်ပိုင်းမှာ ဘဝကို ဘယ်လိုရုန်းကန်ဖြတ်သန်းနေရပါသလဲ။

နှစ်သစ်ကူးကာလ အဖမ်းအဆီးကြမ်းနေချိန် ကန်ချနဘူရီတွင် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

December 31, 2024

နှစ်သစ်ကူးကာလဖြစ်သော ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် ထုန်းဖားဖန်းဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် တရားမဝင် ဝင်ရောက်ပုန်းနေကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် နယ်ခြားစောင့်တပ်များက အနီးအနားကို တင်းတင်းကျပ်ကျပ် ကင်းလှည့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကင်းလှည့်စဉ် မသင်္ကာစရာ လူအုပ်စုနှင့် ကားတစ်စီးကို တွေ့ရသဖြင့် သွားရောက်စစ်ဆေးရာ စစ်သားများကို မြင်သည်နှင့် မြန်မာနိုင်ငံသားများက ပုန်းနေသော နေရာမှ ထွက်ပြေးခဲ့ကြကြောင်း သတင်းများအရသိရသည်။ ထွက်ပြေးနေသော မြန်မာနိုင်ငံသားများကို လိုက်လံဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းကားသမားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း […]

ကိုယ်ပိုင်ဆိုင်ကယ်ပြင်ဆိုင် ဖွင့်နိုင်ဖို့အိပ်မက် မက်နေတဲ့ ‘ခွန်’

Dawei Watch

December 30, 2024

ရှမ်းပြည်နယ် နမ့်ဆန်ဇာတိဖြစ်တဲ့ ‘ခွန်’တစ်ယောက် ထိုင်းနိုင်ငံမှာ ဆိုင်ကယ်ပြင်ဆိုင်မှာ အလုပ်လုပ်နေပါတယ်။ ထိုင်းမှာ အလုပ်သမားဘဝနဲ့ ၁၀ နှစ်လောက် ရုန်းကန်လှုပ်ရှားပြီးနောက်ပိုင်း ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ အိပ်မက် မက်နေတာပါ။