ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မဟာချိုင်တွင် ဈေးရောင်းနေသော မြန်မာ ၁၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

January 13, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဇန်နဝါရီလ ၁၂ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းတွင် နိုင်ငံခြားသားများကို ဈေးရောင်းချခွင့် မပြုထားပေ။ မဟာချိုင်ဒေသ ကထူဘင်းနယ်မြေ အုန်းနွဲ့က ဈေးတစ်ခုကို ထိုင်းနယ်မြေခံ အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀ ဆိုင်ထက်မနည်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါဆိုင်များတွင် ပစ္စည်းများ၊ ငါးများ၊ ဆန်၊ ပန်းနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် ကုန်ပစ္စည်းများကို ရောင်းချနေကြကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ ကမ္ဘောဒီးယား သုံးဦးနှင့် လာအိုနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး အလုပ်သမားများကို တရားမဝင် ခိုင်းစေမှုဖြင့် ထိုင်းနိုင်ငံသား ရှစ် ဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ လုပ်ပိုင်ခွင့်မရှိသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် […]

မြန်မာများ ထိုင်းတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှု နှစ်ဆခွဲကျော်မြင့်တက်၊ ဒုတိယအများဆုံး ဝယ်ယူသူဖြစ်

Dawei Watch

January 10, 2025

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုသည် ပြီးခဲ့သောနှစ်ကထက် နှစ်ဆခွဲကျော် မြင့်တက်လာပြီး ဒုတိယအများဆုံး ဝယ်ယူသူဖြစ်လာကြောင်း Bangkok Post သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သောနှစ် ဧပြီလတွင် မြန်မာစစ်ကောင်စီက ထိုင်းနိုင်ငံတွင်း ကွန်ဒိုတိုက်ခန်းဝယ်ယူသူများကို ဖိနှိပ်ရန် ကြိုးပမ်းခဲ့စဉ် ခေတ္တငြိမ်သက်သွားခဲ့ပြီး နောက်ပိုင်းလများတွင် ပြန်မြင့်တက်လာခြင်းဖြစ်ကြောင်း ထိုင်းကွန်ဒိုရောင်းဝယ်ရေးအသင်းမှ ခေါင်းဆောင် Mr Surachet Kongcheep က ပြောသည်။ ၂၀၂၄ ခုနှစ် ပထမကိုးလတာအတွင်း မြန်မာနိုင်ငံသားများသည် ကွန်ဒိုတိုက်ခန်း ၁၀၅၀ ခန်း ဝယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၅ ဒသမ ၄၆ ဘီလီယံအထိ ရှိခဲ့ကြောင်း ဆိုသည်။ ၂၀၂၃ ခုနှစ် ပထမကိုးလတွင် မြန်မာနိုင်ငံသားများသည် ကွန်ဒိုတိုက်ခန်း ၃၄၇ ခန်းထက်မနည်း ဝယ်ယူခဲ့ပြီး […]

ချင်းမိုင်တွင် ကလေးများကို အဓမ္မကျင့်ပြီး ဗီဒီယိုများရောင်းစားသည်ဆိုသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

January 9, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် အသက်မပြည့်သေးသော ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ပြီး ဗီဒီယိုမှတ်တမ်းများကို တယ်လီဂရမ်ချန်နယ်တွင် ရောင်းစားနေသည်ဆိုပြီး မြန်မာလူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကလေးငယ်များကို လိမ်လည်လှည့်ဖြားပြီး အဓမ္မပြုကျင့်ကာ ဗီဒီယိုမှတ်တမ်းပါတင်၍ ဆိုရှယ်မီဒီယာတွင် ရောင်းစားနေ သော အသက် ၂၇ နှစ်အရွယ် ကိုစိုင်းသန်းဦးဆိုသူကို ဇန်နဝါရီလ ၈ ရက်နေ့က ဝရမ်းထုတ် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ပြီးခဲ့သော ဒီဇင်ဘာလနှောင်းပိုင်းတွင် ကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားသော ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာသဖြင့် ကလေးသူငယ် အဓမ္မမှု ပပျောက်ရေးဌာနနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနတို့က အာဏာပိုင်များ ပူးပေါင်းကာ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည့် ဗီဒီယိုဖိုင်ကို အပြည့်ကြည့်လိုပါက အဖွဲ့ဝင်ကြေး ဘတ် ၂၅၀ […]

ထိုင်းတွင် မြန်မာများလိုက်လာသည့်ကားနှစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

January 8, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို သယ်ဆောင်လာသည့် ကားနှစ်စီးတိမ်းမှောက်ခဲ့ပြီး မြန်မာအမျိုးသမီးတစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက စန်ခရာဘူရီဒေသ နော့လူရွာအနီး စန်ခရာဘူရီ-ဘုရားသုံးဆူလမ်းမကြီးတွင် မြန်မာများကို သယ်ဆောင်လာသော ပစ်ကပ်ကားနှစ်စီး လမ်းဘေးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားတိမ်းမှောက်မှုကြောင့် ကားပေါ်က လွင့်ထွက်သွားသော မြန်မာအမျိုးသမီး တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ်မြန်မာအမျိုးသားနှစ်ဦးလည်း အရိုးကျိုးဒဏ်ရာများဖြင့် အပြင်းအထန် ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။ ဒဏ်ရာရသူနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ ကားနှစ်စီးသည် လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်ထားပြီး တိမ်းမှောက်နေခြင်းဖြစ်ပြီး ကားမောင်းသမားနှစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေကြောင်း သတင်းများတွင် ဖော်ပြသည်။ ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသား၏ ပြောဆိုချက်အရ ကားတွင် မြန်မာနိုင်ငံသား ၃၀ကျော်ပါဝင်ပြီး […]

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာ ၂၅ဦး ဖမ်းဆီးခံရ

Dawei Watch

January 8, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်၊ မဲဆောက်ဒေသတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦးသည် ဇန်နဝါရီလ ၇ရက်ညဘက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နယ်ခြားစောင့်တပ်များက ထာ့စိုင်လွတ်ဒေသကို ကင်းလှည့်စစ်ဆေးရာ တောထဲတွင် အုပ်စုလိုက် လမ်းလျှောက် သွားလာနေသော မြန်မာနိုင်ငံသားများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၅ ဦး ရှိပြီး အားလုံးတွင် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့် အနီးခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်ဟု သတင်းများတွင်ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ည ၈ နာရီခန့်က နယ်စပ်မှတစ်ဆင့် တောလမ်းအတိုင်း […]

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ကလေးငယ်နှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံး

Dawei Watch

January 7, 2025

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ကလေးငယ်နှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံး

မဟာချိုင် ဘုရားပွဲတွင် ထိုင်းလူငယ်ကို ဝိုင်းရိုက်သည်ဟုဆိုကာ မြန်မာလူငယ်ခြောက်ဦးဖမ်းဆီးခံရ

Dawei Watch

January 7, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ ဘုရားပွဲတွင် ထိုင်းလူငယ်တစ်ဦးကို လက်နက်များဖြင့် အုပ်စုဖွဲ့ ဝိုင်းရိုက် ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာလူငယ်ခြောက်ဦး ဇန်နဝါရီလ ၇ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာများသည် အသက် ၁၉ နှစ်မှ ၂၁နှစ်ကြား အရွယ်များဖြစ်ပြီး ၎င်းတို့နှင့်အတူ ဓါးရှည်နှစ်လက်၊ တုတ်များနှင့် အခင်းဖြစ်သောနေ့က ဝတ်ဆင်ခဲ့သောအဝတ်အစားများကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ မဟာချိုင်‌ဒေသ ထိုင်းယူနစ်နေရာရှိ ခွန်ခုဘုန်းကြီးကျောင်းဘုရားပွဲတွင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၂ရက်က အသက် ၂၈နှစ် အရွယ် ထိုင်းနိုင်ငံသားကို တုတ်၊ ဓါး လက်နက်များဖြင့် အုပ်စုဖွဲ့ ဝိုက်ရိုက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ရိုက်နှက်ခံရသည့် ထိုင်းနိုင်ငံသားသည် ဒဏ်ရာများဖြင့် […]

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ကလေးငယ်နှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံး

Dawei Watch

January 6, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ မြန်မာရွေ့ပြောင်း စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ယူနေသော ထားဝယ်ဒေသခံ ကလေးငယ်နှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံးခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။ ဇန်နဝါရီလ ၅ ရက်နေ့ ညဘက်က ရွာအတွင်းရှိ ဘုရားပွဲကို စက်ဘီးဖြင့် သွားသော ကလေးငယ်နှစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်ခံရပြီးနောက် ကလေးငယ်နှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတင်ခဲ့ရပြီး ဆေးရုံတွင် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ကလေးတွေက ငယ်ငယ်လေးတွေ။ ရွာထဲက စာသင်ဝိုင်းလေးထဲမှာ တက်နေကြတာ။ ဒုတိယတန်းပဲ ရှိသေးတယ်။ သူတို့က ပွဲဈေးတန်းကို စက်ဘီးနဲ့သွားတုန်း ကားနဲ့ ဝင်တိုက်ခံရတာ” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။ သေဆုံးသူသည် အသက် ၈ နှစ်အရွယ် မောင်ကြယ်စင်ဟိန်းဖြစ်ပြီး မိဘဖြစ်သူများမှာ […]