ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ယနေ့ စဖွင့်

Dawei Watch

February 18, 2026

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမားအကျိုးဆောင်များထံမှ သိရသည်။ CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီ စသော ခရိုင် ၅ ခုတွင် ဖွင့်လှစ်နေခြင်းဖြစ်သည်။ CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူရမည်ဖြစ်သည်။ ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော CI စခန်းများတွင် စာအုပ်အသစ် လုပ်ဆောင်ရမည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် […]

မဟာချိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး တံတားပေါ်က ခုန်ချ၍ သေဆုံး

Dawei Watch

February 18, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦးသည် တံတားပေါ်က ခုန်ချ၍ သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက မြန်မာအမျိုးသမီးတစ်ဦးသည် မဟာချိုင်ဒေသ ထာ့ချလုံဆိပ်ခံတံတားပေါ်က ထာ့ချင်းမြစ်ထဲသို့ ခုန်ချခဲ့သဖြင့် စမွတ်စခွန်ကယ်ဆယ်ရေးအဖွဲ့များက ညလုံးပေါက် ရှာဖွေခဲ့ကြကြောင်း သိရသည်။ ခုန်ချသူသည် အသက် ၄၆ နှစ်အရွယ် မခင်မိုးလွင်ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီခန့်တွင် အလောင်းကို ရေပေါ်တွင် ပြန်တွေ့ရှိခဲ့ကြောင်း သတင်းများအရသိရသည်။ လက်ရှိတွင် မြန်မာအမျိုးသမီး မြစ်ထဲ ခုန်ချခဲ့သည့် အကြောင်းအရင်းကို မသိရသေးဘဲ မိမိကိုယ်ကို အဆုံးစီရင်မှုဟု ကနဦး သတ်မှတ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။ Ref: Samut Sakhon News, စမွတ်စခွန် လူမှုကူညီရေးအသင်း

ဘန်ကောက်အနီးတွင် မြန်မာအချင်းချင်း မီးရှို့သတ်

Dawei Watch

February 17, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများခဲ့ကြပြီးနောက် မီးရှို့သတ်ဖြတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ နံနက် ၂ နာရီခန့်တွင် စမွတ်ပရကန်မြို့ ဆောက်လုပ်ရေးတန်းလျားတစ်ခုတွင် မြန်မာနိုင်ငံသားများ အရက်သောက်ပြီး စကားများခဲ့ကြောင်း၊ ယင်းနောက် အသက် ၂၇ နှစ်အရွယ် ကိုထွန်းခိုင်အမည်ရှိ မြန်မာနိုင်ငံသားက ဆူပူကြိမ်းမောင်းပြီး အခန်းနံရံတွင် ကာထားသော သွပ်ပြားများကို ကန်နေကြောင်း နီးစပ်သူများ၏ ဖြေကြားချက်ကို ဖော်ပြသည်။ ယင်းအချိန် ကိုဝေလင်းစိုးက ညသန်းခေါင်ဖြစ်နေ၍ ကိုထွန်းခိုင်ကို ဆူပူမှု မလုပ်ရန် သွားရောက် တားမြစ်ခဲ့သော်လည်း ကိုထွန်းခိုင်က မရပ်တန့်ပဲ သွပ်နံရံများကို ကန်ကျောက်၍ တန်းလျားတစ်ခုလုံးကို မီးရှို့ဖျက်ဆီးမည်ဟု အော်ဟစ်နေခဲ့ဟုဆိုသည်။ ထို့ကြောင့် ကိုဝေလင်းစိုးက သည်းမခံနိုင်တော့သဖြင့် ကိုထွန်းခိုင်ကို အပြင်ခေါ်ထုတ်၍ ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ကြောင်း ယင်းနောက် တုတ်ဖြင့် […]

ဘန်ကောက်တွင် အမေရိကန်တစ်ဦး အသတ်ခံရမှု မြန်မာလေးဦး ဖမ်းဆီးခံရ

Dawei Watch

February 17, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ကောက်မြို့၊ စူစဝပ် ၂၆ လမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်က အသက် ၅၅ နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦး ဓားဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ ရုပ်အလောင်းတွင် ရိုက်နှက်ထားသည့် ပုံစံကို တွေ့ရပြီး ခြေထောက်နှစ်ဖက်စလုံး ကျိုးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါ အမေရိကန်နိုင်ငံသားသည် ချစ်သူဖြစ်ခဲ့ဖူးသူ မြန်မာနိုင်ငံသား အမျိုးသမီးနှင့် ပြန်ပေါင်းလိုသဖြင့် မကြာခဏ လာရောက် နှောင့်ယှက်လေ့ရှိကြောင်း မြန်မာနိုင်ငံသားများက ထွက်ဆိုသည်ဟု ဆိုသည်။ မြန်မာအမျိုးသမီးကလည်း အမေရိကန်နိုင်ငံသားနှင့် ပြဿနာဖြစ်မည်စိုး၍ လမ်းခွဲထားခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူများထံသို့ လာရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

ထိုင်းမှာ မြန်မာလုပ်သားတစ်ဦးပျောက်ဆုံးနေပြီး တစ်လကြာအထိရှာမတွေ့

Dawei Watch

February 17, 2026

ထိုင်းမှာ မြန်မာလုပ်သားတစ်ဦးပျောက်ဆုံးနေပြီး တစ်လကြာအထိရှာမတွေ့

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ပျောက်ဆုံးနေပြီး တစ်လကြာအထိ ရှာမတွေ့

Dawei Watch

February 16, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် ပျောက်ဆုံးနေပြီး တစ်လကြာသည်အထိ အဆက်အသွယ်မရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ အသက် ၁၇ နှစ်အရွယ် ကိုရဲထွဋ်ဦးသည် ဇန်နဝါရီလ ၁၆ ရက်က စမွတ်ပရကန် ပါနန်းဒေသတွင် အလုပ်လုပ်ကိုင်နေစဉ် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။ ပျောက်ဆုံးပြီး တစ်လအကြာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက်အထိ အဆက်အသွယ် လုံးဝ မရရှိသေးသဖြင့် မိသားစုဝင်က စိုးရိမ်စိတ်ပူနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူက ပျောက်သွားတာ တစ်လကြာပြီလေ။ သူ့ဖုန်းကို ဆက်တော့လည်း အဆက်အသွယ်မရဘူး။ ပုလိပ် (ထိုင်းရဲ) ဖမ်းသွားတာလား။ အခြားနေရာ ထွက်သွားတာလား။ တစ်ခုခုဖြစ်နေတာလားပေါ့။ ကျွန်တော်တို့ လုံးဝ ဆက်သွယ်လို့ […]

ထိုင်းတွင် လူမှုဖူလုံရေးထည့်ဝင်ထားသူများ အံသွားနုတ်ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရရှိမည်

Dawei Watch

February 13, 2026

ထိုင်းနိုင်ငံတွင် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) ထည့်ဝင်ထားသော မြန်မာအလုပ်သမားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် အံသွားနုတ်ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယင်းအစီအစဉ်ကို လာမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေလ ၁ ရက်) တွင် စတင်နိုင်ရန် စီစဉ်ထားကြောင်း လူမှုဖူလုံရေးရန်ပုံငွေရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူး Niyada Seneemanomai က ပြောသည်။ လူမှုဖူလုံရေး (ပကန်စံခွန်) ထည့်ဝင်ထားသူများအတွက် သွားကျန်းမာရေးစနစ်နှင့် ပတ်သက်၍ အကျိုးခံစားခွင့် ပိုမိုရရှိစေရန် ရည်ရွယ်၍ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သူမက ပြောသည်။ ရိုးရိုး အံသွားနုတ်ခြင်းအတွက် ဘတ် ၁၅၀၀ အထိ ခံစားခွင့်ပြုမည်ဖြစ်ပြီး၊ အကယ်၍ ခွဲစိတ်မှု ပိုမိုရှုပ်ထွေးခဲ့ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြသည်။ […]

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ဖေဖော်ဝါရီ ၁၇ စဖွင့်မည်

Dawei Watch

February 12, 2026

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။ CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီခရိုင်များတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဟုဆိုသည်။ CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်းပြီး မိမိပြုလုပ်လိုသော နီးစပ်ရာ CI စခန်းများတွင် ကြိုတင်ရက်ချိန်း ရယူနိုင်ကြောင်း ဖော်ပြထားသည်။ 7-Eleven စတိုးဆိုင်က ပေးလိုက်သော ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ […]