ထိုင်းသို့ မြန်မာလုပ်သားများ တရားဝင် သွားလုပ်ခွင့်ရပြီ
diz_admin
May 11, 2022မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို မေလ ၁၀ ရက်နေ့မှ စတင်ကာ တရားဝင် ပို့ဆောင်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်လာပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဂိတ်များကို ပိတ်လိုက်ပြီး မြန်မာ အလုပ်သမားခေါ်ယူမှုကို ထိုင်းဘက်က ရပ်ဆိုင်းထားခဲ့သည်။ ယင်းနောက် ၂နှစ်ကျော်အကြာ ယခုနှစ် မေလ ၁၀ ရက်နေ့မှစတင်ကာ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံက တရားဝင် စတင်ခေါ်ယူနေကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ မြဝတီ – မဲဆောက်နယ်စပ် ချစ်ကြည်ရေး တံတားမှတစ်ဆင့် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၅၈၈ ဦး တရားဝင် ဝင်ရောက်လာကြောင်း အဆိုပါရုံးထံမှ သိရသည်။ မေလ ၁၀ ရက်နေ့တွင် မြန်မာအလုပ်သမား အမျိုးသား ၇၈ဦး၊ အမျိုးသမီး ၂၀၉ […]