မြန်မာနိုင်ငံသို့ပြန်ရန် ဘန်ကောက်မှ မဲဆောက်သို့လာသော အလုပ်သမား ၃၀ကျော် ဖမ်းဆီးငွေညှစ်ခံရ
diz_admin
October 19, 2022ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှ မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့သို့ ကားဖြင့်လာသော မြန်မာအလုပ်သမားများ ဖမ်းဆီးငွေညှစ်ခံရကြောင်း အလုပ်သမားကူညီရေးအဖွဲ့အစည်း KTG Helping Hand အဖွဲ့ထံမှ သိရသည်။ မဲဆောက်အဝင် စစ်ဆေးရေးဂိတ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ခဲ့သဖြင့် ငွေပေးကာ ပြန်ထုတ်ခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁၈ရက်နေ့တွင် အလုပ်သမား ၃၀ကျော်သည် မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ဘန်ကောက်မှ ကားဖြင့် မဲဆောက်မြို့သို့လာရာတွင် ယင်းသို့ကြုံတွေ့ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားအားလုံးတွင် ခရီးသွားအထောက်အထား၊ Passport စာအုပ်အစုံရှိသော်လည်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ လဝကရုံးတွင် တစ်နာရီကျော်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်း KTG Helping Hand အဖွဲ့မှ အလုပ်သမား အရေးလှုပ်ရှားသူ ကိုသားကြီးက ပြောသည်။ ဖမ်းရသည့်အကြောင်းအရင်းကို မေးမြန်းရာ ထိုင်းအာဏာပိုင်များက […]


