ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားသုံးဦး ခိုးမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရ
diz_admin
September 12, 2022ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ပိတ်ထားသော ဟိုတယ်မှ ပစ္စည်း ဘတ် ၁၄ သန်းခန့်ဖိုး ခိုးယူရာတွင် ပါဝင်သည်ဟုစွပ်စွဲကာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲက ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသူ၏ မိခင်တစ်ဦးက ပြောသည်။ ကော့စမွေကျွန်းရှိ ပိတ်ထားသော Chaweng Blue Lagoon the Teak Wing ဟိုတယ်တွင် သံချောင်းများ ဖြတ်ရန် အတွက် ထိုင်းအမျိုးသမီးတစ်ဦးက မြန်မာအလုပ်သမားသုံးဦးကို နေ့စားအဖြစ် ငှားရမ်းခိုင်းစေရာမှ ပစ္စည်းခိုးယူရာ တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။ အလုပ်သမားသုံးဦးတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါဝင်ပြီး လက်ရှိအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ အဆိုပါဟိုတယ်သည် ကိုဗစ်ကာလအတွင်း လနှင့်ချီပိတ်ထားခြင်းဖြစ်ကာ ဟိုတယ်အဆောက်အအုံနှင့် အခန်း အတွင်းက အမျိုးအစားအစုံပစ္စည်းပေါင်း ၃၈၀ ကျော်ကို ဖောက်ထွင်းခိုးယူခံထားရကြောင်း […]


