ကားတိုက်မှုတွင် သေဆုံးခဲ့သောမြန်မာလုပ်သားအတွက် လျော်ကြေးဘတ်ငါးသိန်းရ
diz_admin
September 19, 2022ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုဖြင့် သေဆုံးသွားသော တရားမဝင် မြန်မာအလုပ်သမား ငါးဦးအနက် လျော်ကြေးရရန် ကျန်ရှိနေသော မြန်မာအလုပ်သမားတစ်ဦးအတွက် ဘတ် ငါးသိန်းကို ယနေ့ (စက်တင်ဘာ ၁၉) တွင် လက်ခံရရှိကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ယခုနှစ် ဇန်နဝါရီလက ကန်ချနဘူရီခရိုင်တွင် ဖြစ်ပွားခဲ့သော ကားတိုက်မှုတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ငါးဦး သေဆုံးခဲ့သည်။ သေဆုံးသွားသူများအနက် အထောက်အထားပြည့်စုံသူ လေးဦးဖြစ်သော မောင်သက်နိုင်ဖြိုး၊ မောင်နိုင်ဝင်းစိုး၊ မောင်အောင်ရွှေဝင်းနှင့် မခင်မာနွယ်တို့အတွက် လျော်ကြေးငွေ ဘတ် ၂သန်းကို ယခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ကားအာမခံအတိုင်း ထုတ်ယူနိုင်ခဲ့သည်။ အချက်အလက် အထောက်အထားမပြည့်စုံသည့် မအိဖြူအောင်အတွက်မူ လျော်ကြေးရရန် ကြန့်ကြာနေခဲ့ပြီး ကားတိုက်မှုဖြစ်ပြီးနောက် ရှစ်လနီးပါးကြာချိန်မှသာ လျော်ကြေးရရှိခြင်းဖြစ်ကြောင်း သံအရာရှိရုံးထံမှ […]


