ထိုင်းသို့ တရားမဝင် ဝင်လာသော ထားဝယ်ဒေသခံများအပါအဝင် မြန်မာလုပ်သား ၄၅ဦးဖမ်းဆီးခံရ
diz_admin
October 24, 2022ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် မောင်ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသော မြန်မာအလုပ်သမား အုပ်စုနှစ်စုကို နေရာနှစ်ခုတွင် ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားကြောင်း ရေးသားထားသည်။ ပထမအုပ်စုတွင် အမျိုးသား၂၄ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း မြန်မာအလုပ်သမား ၂၉ ဦးကို ယင်းနေ့ ညနေ ၅ နာရီခန့်တွင် မောင်ဒေသ ဘန်ကောင်းရွာအနီးရှိ ခြုံပုပ်ထဲတွင် ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။ ဒုတိယအုပ်စုဖြစ်သော အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၄ ဦး […]


