အောက်စီဂျင်ပြတ်ကာသေဆုံးသည့် မြန်မာရေလုပ်သားသုံးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရမည်
diz_admin
March 1, 2023ထိုင်းနိုင်ငံတောင်ပိုင်း ပါတ်တနီခရိုင်တွင် ငါးဖမ်းလှေတွင် အောက်စီဂျင်ပြတ်ကာ သေဆုံးသွားသော မြန်မာလှေလုပ်သား သုံးဦးအတွက် နစ်နာကြေး ဘတ်နှစ်သန်းကျော်ရရှိမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ထံမှ သိရသည်။ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လှေဝမ်းဗိုက်အတွင်းရှိ လှောင်ထားသော ငါးများကို သယ်ထုတ်ရန် ဆင်းယူရာမှ ဓာတ်ငွေ့အဆိပ်သင့်ပြီး အောက်စီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ မြန်မာရေလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၇၈၈၇၆၀ ကို မိသားစုဝင်များထံ ပေးအပ်ရန် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပါတ်တနီလူမှုဖူလုံရေးရုံး (ပကန်စခွန်) က အတည်ပြုပေးလိုက်ကြောင်း MWRN အဖွဲ့မှ ဟတ်ယိုင်တာဝန်ခံ ဦးဘရီက ပြောသည်။ ယင်းနေ့တွင် နစ်နာကြေးများကို အရစ်ကျပေးချေရန် လူမှုဖူလုံရေးရုံးက ပြောကြားခဲ့ပြီး ပထမအကြိမ်အနေဖြင့် တစ်ဦးစီအတွက် ဘတ် တစ်သိန်းခွဲခန့် […]


