ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၀ကျော် ဖမ်းဆီးခံရ
diz_admin
January 23, 2023ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၃ ဦးကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တာခ့်ခရိုင် ဝမ်ကျောက်ဒေသ နာဘိုရွာအနီးတွင် မင်္သကာဖွယ်ရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်ဟုဆိုသည်။ သို့သော် မရပ်တန့်ဘဲ ကားကိုပြန်လှည့်ကာ မောင်းပြေးသွားခဲ့သဖြင့် စစ်ဆေးရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းတွင် ရေးသားထားသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ကို တွေ့ရှိခဲ့ရပြီး ခရီးသွား အထောက်အထားနှင့် နိုင်ငံကူးလက်မှတ်များ မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၂၅၀၀၀ မှ ၂၉၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြသည်။ တရုတ်နှစ်သစ်ကူးနေ့တွင် […]


