ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ် မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူက ကိုယ့်ကိုယ်ကိုသတ်သေ

diz_admin

March 7, 2023

ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင် ဘန့်စောင်ထုံးဒေသတွင် အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး ကျူးလွန်သူ လာအိုနိုင်ငံသားမှာ မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် နေထိုင်ရာအခန်းတွင်း ဆွဲကြိုးချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆုံးစီရင်ခဲ့သော အသက် ၄၈ နှစ်အရွယ် လာအိုအမျိုးသားသည် မုဒိန်းမှုနှစ်ခုအတွက် ဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ရဲတပ်ဖွဲ့မှ လိုက်လံ ရှာဖွေဖမ်းဆီးနေသူဖြစ်ကြောင်း ဖော်ပြထားသည်။ ပထမအမှုမှာ မတ်လ ၅ ရက်နေ့က ဇနီးဟောင်းကို မုဒိမ်းကျင့်၍ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ လာအိုအမျိုးသားမှာ ယင်းပြစ်မှုကို ကျူးလွန်ခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူ၏ အခန်းထဲတွင်ပုန်းနေခဲ့ပြီး ညဘက်တွင် ၎င်းနေထိုင်ရာ အခန်းအနီးရှိ အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာကလေးငယ်သည် ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး […]

ကိုဗစ် အိုမီခရွန် မျိုးကွဲသစ်

diz_admin

March 5, 2023

ကိုဗစ်မပြီးသေးပါဘူး။ မကြာသေးမီကပဲ ကိုဗစ် အိုမီခရွန် မျိုးကွဲသစ် ထပ်တွေ့ပြန်ပါပြီ။ XBB. 1.5 မျိုးကွဲ သစ်ကို မနှစ်ကုန်ပိုင်းလောက်က စတွေ့တာပါ။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် (WHO) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မှတ်တမ်းအရ အဲဒီ မျိုးကွဲ တွေ့ရှိတဲ့ နိုင်ငံ ၇၄ နိုင်ငံ ရှိပါပြီ။

မီဒီယာကို သိနားလည်ခြင်း

diz_admin

March 4, 2023

မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကျွန်တော်တို့တွေဟာ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံကြရပါတယ်။ မီဒီယာတွေက လူထုအယူအဆ ထင်မြင်ချက်တွေကို ထင်ဟပ်စေတာ၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးစေတာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေကို ဖြန့်ဝေတာ စသဖြင့် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကြောင့် မီဒီယာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ရှိဖို့အရေးကြီးလှပါတယ်။

မီဒီယာကို သိနားလည်ခြင်း

diz_admin

March 3, 2023

ဒီနေ့ခေတ်မှာတော့ မီဒီယာတွေက ပုံစံမျိုးစုံနဲ့ လူတိုင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေပါပြီ။ လူတိုင်းက ပုံစံမျိုးစုံနဲ့ မီဒီယာကို ထိတွေ့နေကြရပါတယ်။ ဒီတော့ မီဒီယာဆိုတာ ဘာလဲ။ မီဒီယာတွေဟာ နေ့စဉ်ဘဝမှာ ဘယ်လိုပါဝင်ပတ်သက်နေသလဲ ဆိုတာတွေကို ကျကျနန သိရှိဖို့လိုအပ်လာပါပြီ။

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၅ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

diz_admin

March 3, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၅ဦးကို မတ်လ ၂ရက် ညပိုင်းတွင် ဖမ်းမိကြောင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ ည ၁၁ နာရီခန့်တွင် အနက်ရောင်ကားတစ်စီးသည် ချွန်ဖော်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းစဉ် ရပ်တန့် စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါကားသည် ချွန်ဖော်ခရိုင် ပါထိဝူဒေသရှိ လမ်းဘေးတစ်နေရာတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ရပြီး ကားပေါ် တွင် လိုက်ပါလာသော မြန်မာအလုပ်သမား အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၃ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ကားသမားမှာမူ ထွက်ပြေးသွားသည်ဟု ဆိုသည်။ မြန်မာအလုပ်သမားများတွင် ခရီးသွားအထောက်အထားတစ်စုံတစ်ရာ မပါဘဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော […]

သေနတ်ဖြင့်ခြိမ်းခြောက် အဓမ္မခိုင်းခံနေရသော မြန်မာလုပ်သား ၁၄ဦးကို ကယ်တင်

diz_admin

March 2, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဘန့်ကောင်ရွာ ကြံစိုက်ခင်းတွင် လုပ်ခလစာမရဘဲ အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးကို မတ်လ ၁ ရက်နေ့တွင် ကယ်တင်နိုင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။ ထိုင်းအာဏာပိုင်များနှင့် HRDF အဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အဆိုပါအဖွဲ့က ယနေ့ မတ်လ ၂ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများကို အလုပ်ရှင်က သေနတ်ဖြင့် ခြိမ်းခြောက်အဓမ္မခိုင်းစေပြီး လုပ်ခလစာပေးချေမှု မရှိသည့် အပြင် အထောက်အထားစာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်းဖြစ်သည်ဟု ဆိုသည်။ အလုပ်သမားများကို နားရက်မပေးဘဲ သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်ကာ အလုပ်စေခိုင်းနေခြင်းဖြစ်ပြီး ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုများလည်း ရှိကြောင်း HRDF ထံမှ သိရသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ […]

ကားတိမ်းမှောက်မှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

diz_admin

March 2, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ယနေ့ နံနက်ပိုင်းက ကားတိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာလုပ်သားများ လိုက်ပါလာသော ယင်းကားမှာ ယနေ့ မတ်လ ၂ရက် နံနက် ၄ နာရီခန့်က စိုင်ယွတ်-ကန်ချနဘူရီအမြန်လမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ SUV ကားသည် အရှိန်ဖြင့် မောင်းနှင်လာစဉ်တွင် ကားတာယာများ ပေါက်ကွဲခဲ့သဖြင့် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင်ရေးသားထားသည်။ ကား၏ အရှေ့ဘီးနှင့် အနောက်ဘီးများ ပြုတ်ထွက်နေကာ ပြတင်းပေါက်မှန်များလည်း ကွဲနေခဲ့သည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်တွေ့ရှိရသည်ဟု ဆိုသည်။ ကားအတွင်း၌ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ပိတ်မိကာ သေဆုံးနေကြောင်း ဖော်ပြသည်။ နောက်ထပ် မြန်မာအလုပ်သမား အမျိုးသားသုံးဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ကိုးဦး […]