ထိုင်း မဟာချိုင်တွင် စစ်ဘေးရှောင်ရန်ပုံငွေပွဲအဖြစ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ကျင်းပမည်
diz_admin
April 10, 2023ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၌ မြန်မာအလုပ်သမားသိန်းနှင့်ချီရှိသည့် မဟာချိုင်မြို့တွင် စစ်ဘေးရှောင် ရန်ပုံငွေပွဲအဖြစ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဝေလ ၉ လမ်းရှိ တနင်္ဂနွေဈေးကွင်းကြီးတွင် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စတုဒီသာများလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတို့က ပြောသည်။ “ပုသိမ်ထီးတွေနဲ့ ချိတ်မယ်။ အထဲမှာ အေးဆေး ရေကစားမယ်။ ဝင်ကြေးအနေနဲ့ ကောက်မယ်။ ရရှိတဲ့ ဝင်ကြေးတွေကို စစ်ဘေးရှောင်တွေကို လှူမယ်” ဟု ပွဲစီစဉ်သူတစ်ဦးက ပြောဆိုသည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ဘတ် ၅၀ နှုန်း သတ်မှတ်ထားပြီး […]


