မလေးရှားတွင် မြန်မာတစ်ရာကျော်စစ်ဆေးခံရပြီး ၁၆ ဦး ဖမ်းဆီးခံရ
Dawei Watch
October 3, 2023မလေးရှားနိုင်ငံ မလက္ကာပြည်နယ်တွင် မြန်မာအလုပ်သမား ၁၀၀ ကျော် စစ်ဆေးခံရပြီး အထောက်အထားမရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၆ ဦးကို ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များသည် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှ ၅ နာရီအထိ Melaka Sentral အနီး ဈေးဆိုင်များရှိ နိုင်ငံခြားသား ၂၀၀ နီးပါးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ စစ်ဆေးခံရသူများတွင် မြန်မာနိုင်ငံသား ၁၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၈ ဦး၊ နီပေါနိုင်ငံသား ၁၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးနှင့် ပါကစ္စတန်နိုင်ငံသား သုံးဦးတို့ ပါဝင်ကြောင်း ဖော်ပြသည်။ ၎င်းတို့အနက် အထောက်အထား မရှိဘဲ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၆ […]


