မဟာချိုင်တွင် မြန်မာမိန်းကလေးတစ်ဦးကို ဓါးဖြင့်ခုတ်ပြီး လုယက်
Dawei Watch
September 11, 2023ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ဈေးပွဲတော်မှပြန်လာသော မြန်မာမိန်းကလေးငယ်တစ်ဦးကို အမည်မသိ အမျိုးသားနှစ်ဦးက ဓါးဖြင့် အကြိမ်များစွာခုတ်၍ ပစ္စည်းများ လုယက်ခဲ့ကြောင်း AAC – မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ည(သန်းခေါင်ကျော်) ၃ နာရီအချိန်ခန့်တွင် Big C အနီး နှစ်စဉ်ဈေးပွဲတော်မှ မြန်မာမိန်းကလေးက တစ်ဦးတည်းပြန်လာစဉ် လူရှင်းသောနေရာတွင် ဓါးခုတ် လုယက်ခံရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အမည်မသိ လူငယ်နှစ်ဦးက မြန်မာမိန်းကလေးထံမှ ဘေးလွယ်အိတ်ကို တောင်းယူစဉ်တွင် အလွယ်တကူမပေးသဖြင့် ဓါးထုတ်၍ ခြိမ်းခြောက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ နောက် မြန်မာလူငယ်အမျိုးသားတစ်ဦးက ဝင်ရောက်ကူညီပေးရာ လုယက်သူနှစ်ဦးက ခြေထောက်ဖြင့် ကန်ခဲ့ပြီး မြန်မာအမျိုးသားထံတွင် ပါလာသော လက်ကိုင်ဖုန်းကိုလည်း လုယက်ခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။ လုယက်သူနှစ်ဦးက မြန်မာမိန်းကလေးကို ဓါးဖြင့် အကြိမ်များစွာ ခုတ်ခဲ့ပြီး […]


