ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည့် မြန်မာလုပ်သား ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

October 31, 2023

နိုင်ငံကူးလက်မှတ်တွင် ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသော မြန်မာအလုပ်သမား ၂၀ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် မလေးရှားသို့ သွားရန် ပွဲစားခ တစ်ဦးစီအတွက် ဘတ် ၁၂၀၀၀၀ ပေးချေထားသော်လည်း ပွဲစားများက ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ထုပေးခဲ့ကာ ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်သို့ ဘတ်စ်ကားဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ မလေးရှားနယ်စပ်သို့ ဆက်သွားရန် အုပ်စုလိုက် ကားစောင့်နေချိန် နံနက် ၁ နာရီခွဲခန့်တွင် လဝက ရဲတပ်ဖွဲ့များက လာရောက် စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ကန်ချနဘူရီလမ်းကြောင်းမှတစ်ဆင့် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်ရှိ တည်းခိုခန်းတွင် တစ်ညအိပ်ခဲ့ကြောင်း သတင်းများတွင် […]

ထိုင်းတွင် ကားပစ္စည်းစက်ရုံက မြန်မာလုပ်သားများ လုပ်ခမရသဖြင့် တရားရုံးတွင် တိုင်တန်း

Dawei Watch

October 30, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် နောယိုင်ရှိ ကားပစ္စည်း၊ သံပစ္စည်းများ ထုတ်လုပ်သော CNA Inter Coating စက်ရုံက မြန်မာအလုပ်သမားများသည့် လုပ်အားခမရသဖြင့် အလုပ်ရှင်ကို တရားရုံးတွင် တိုင်တန်းထားကြောင်း အလုပ်သမားများက ပြောသည်။ အချိန် လေးလကျော်ကြာသည်အထိ လုပ်အားခမပေးဘဲ အလုပ်ခိုင်းစေခဲ့ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။ “အမတို့ လတိုင်းလတိုင်းတောင်းတယ်။ စားဖို့မရှိဘူး။ ဒုက္ခရောက်တယ်ဆိုပြီး တောင်းတယ်။ (အလုပ်ရှင်ဘက်က) သူက ဘာပြောလဲဆိုတော့ ပထမဆုံးလကလေ ဘဏ်က ပိုက်ဆံထုတ်လို့ မရလို့ပါတဲ့။ နောက်ကျတော့ ပစ္စည်းဖိုးတွေ customer ဆီက ပိုက်ဆံမရလို့တဲ့။ တစ်မျိုးပြီးတစ်မျိုး လိမ်တယ်။ နောက်ကျတော့ သူ့စက်ရုံကို အပေါင်ခံမလို့တဲ့။ အပေါင်ခံရင် ပိုက်ဆံရမယ်။ အဲဒီခါကျရင်ပေးပါ့မယ် လုပ်ပြန်ရော” ဟု ၎င်းက ပြောဆိုသည်။ ပြီးခဲ့သည့် ဧပြီလမှစ ဩဂုတ်လအထိ […]

ပထုံဌာနီတွင် မြန်မာလုပ်သားတစ်ဦး မျက်လုံးပေါက်ထွက်သေဆုံး

Dawei Watch

October 28, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်ရှိ အဆောက်အအုံတစ်ခု၏‌ ခေါင်မိုးထပ်တွင် မြန်မာအလုပ်သမားတစ်ဦး အဝတ်အစားမပါဘဲ၊ မျက်လုံးတစ်ဖက်ပေါက်ထွက်၍ သေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာ ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လမ်လုကာနယ်မြေ ခူခွတ်ဒေသရှိ ၅ ထပ်အဆောင်၏ ခေါင်မိုးထပ်တွင် မြန်မာအလုပ်သမားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့များ၊ မှုခင်းဆရာဝန်များနှင့် လူမှုကူညီရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ဟု ဆိုသည်။ သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် နိုင်ယောင်းအမည်ရှိသူ မြန်မာအလုပ်သမားဖြစ်ပြီး အဝတ်အစားမပါဘဲ သေဆုံးနေကြောင်း ဖော်ပြထားသည်။ အလောင်းသည် သေဆုံးချိန် ၁၈ နာရီခန့် ရှိနေပြီဖြစ်ကြောင်း မှုခင်းဆရာဝန်များက ပြောကြားခဲ့ပြီး ဘယ်ဘက်မျက်လုံးတစ်ဖက် အပြင်သို့ ထွက်နေသဖြင့် မြင်ရသူများကို ထိတ်လန့်မိစေကြောင်း သတင်းများကဆိုသည်။ အလောင်းတွင် အခြားထိခိုက်ဒဏ်ရာများ၊ ပြင်ပ […]

ထိုင်းတောင်ပိုင်းတွင် MoU မြန်မာလုပ်သား ၆၀ ခန့် အလုပ်မရသဖြင့် အခက်အခဲဖြစ်နေ

Dawei Watch

October 26, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်နှင့် ကရဘီခရိုင်ရှိ MoU မြန်မာအလုပ်သမား ၆၀ ခန့်သည် ထိုင်းစရောက်သည့်နေ့မှစ၍ အလုပ်မဆင်းရသေးသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေး WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၅၉ ဦးကို မြန်မာအေဂျင်စီ ပြည့်ပိုင်မှူးက အောက်တိုဘာ ၁၂ ရက်နေ့တွင် တရတ်ခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတွင် လုပ်ကိုင်ရန် နှစ်နှစ်စာချုပ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ ဖူးခက်ခရိုင်နှင့် ကရဘီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ အလုပ်သမားများကို ခွဲ၍ စေလွှတ်ခဲ့ကြောင်း သိရသည်။ လုပ်ငန်းခွင်သို့ ရောက်ရှိသော်လည်း အောက်တိုဘာ ၂၆ ရက်နေ့အထိ အလုပ်မဆင်းရ အလုပ်မရှိဘဲ ဖြစ်နေသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။  “စားဝတ်နေရေးက အခက်အခဲဆုံးဖြစ်နေတယ်။ စတက်လာကတည်းက ကိုယ့်စရိတ်နဲ့ကိုယ် စားနေရတာဆိုတော့ […]

ထိုင်းရဲများက မြန်မာလုပ်သားသုံးဦးကို ရိုက်နှက်ပြီး ဘတ်တစ်သိန်း ခြိမ်းခြောက်ငွေညှစ်

Dawei Watch

October 26, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ရဲတပ်ဖွဲ့ဝင်များက မြန်မာလုပ်သား သုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး ဘတ် တစ်သိန်း ခြိမ်းခြောက် ငွေညှစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားတို့သည် ရိုက်နှက်ငွေညှစ်ခံရသဖြင့် ဘန်ကောက်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် “Saimai Survive” အဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ကြောင်း အဆိုပါအဖွဲ့၏ Facebook စာမျက်နှာတွင် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။ ကျောကုန်းတွင် ရိုက်နှက်ခံထားသည့် ဒဏ်ရာ သက်သေများနှင့်တကွ ထုတ်ပြန်ထားခြင်းဖြစ်သည်။ အောက်တိုဘာ ၂၂ ရက်နေ့တွင် ချွန်ဘူရီခရိုင် ဘော်ဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမား သုံးဦးကို ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်နေသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့ ဘန်နားဒေသတွင် နေထိုင်သူများဖြစ်ကာ ချွန်ဘူရီခရိုင် ဘော်ဝင်းဒေသသို့ လာလည်စဉ် ဖမ်းဆီးခံရကြောင်း […]

မြန်မာလုပ်သားနှစ်ရာကျော်လုပ်ခ ဘတ် ၆သန်းကျော် မရ၊ အလုပ်လည်း အထုတ်ခံရ

Dawei Watch

October 25, 2023

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၂၀၀ ကျော်၏ လုပ်အားခ ဘတ် ၆သန်းကျော်ကို ထုတ်မပေးဘဲ ကမ္ဘောဒီးယား အလုပ်သမားခေါင်းဆောင်က ထွက်ပြေးသွားကြောင်း အလုပ်သမားများနှင့် Union Brothers ပြည်သူ့အကျိုးဆောင် အဖွဲ့ထံမှ သိရသည်။ ရယောင်ခရိုင် နိခုံးဖတ်ထနာဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၃၇ ဦး၏ လုပ်အားခ နှစ်လစာကျော်ကို အလုပ်သမားခေါင်းဆောင်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံသားက ယူဆောင်၍ ယခုရက်ပိုင်းအတွင်း အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း အလုပ်သမားများက ပြောသည်။ မြန်မာအလုပ်သမားများကို အလုပ်သမားခေါင်းဆောင်က ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ လုပ်အားခ ထုတ်ပေးခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အချိန်နှစ်လကျော်အကြာတွင် အလုပ်သမားတစ်ဦးလျှင် လုပ်အားခ ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ကျော်အထိ ရရှိရန် ရှိနေပြီး စုစုပေါင်းဆိုလျှင် ဘတ် […]

အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာ ၄ ဦး နစ်နာကြေး ဘတ် ၂ သိန်းကျော်ရရှိ

Dawei Watch

October 25, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့ အိတ်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၄ ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့မှုအတွက် နစ်နာကြေးငွေ ဘတ် ၂ သိန်းကျော်ရရှိခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၇၀ ခန့်လုပ်ကိုင်နေသော မဲဆောက်မြို့ ဝါစကင်းရွာရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၄ ဦးကို အလုပ်ရှင်က ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဩဂုတ်လ ၂၂ ရက်နေ့တွင် အလုပ်ထုတ်လိုက်ကြောင်း သိရသည်။ လုပ်ငန်းခွင်တွင် အခြေခံလုပ်အားခမရရှိသည့်အပြင် အလုပ်ချိန်အပါအဝင် အလုပ်ခွဲဝေမှုနှင့် ဖိအားပေးခိုင်းစေခံနေရသော အခြေအနေကို အလုပ်ရှင်ထံ ညှိနှိုင်းပြောဆိုရာမှ လက်မခံဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဥပဒေအရ ဆောင်ရွက်ပေးရန် အလုပ်သမားများက ရောင်ခြည်ဦးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပြီး Labour […]

စပ်ဆေးအန္တရာယ်

Dawei Watch

October 24, 2023

ဆေးဆိုင်တွေက ရောင်းတဲ့ စပ်ဆေးတွေက အများအားဖြင့် အန္တရာယ်ရှိပါတယ်။ စပ်ဆေးတွေ သုံးတာကြောင့် ကျောက်ကပ်ထိတာ၊ အသည်း ပျက်တာ၊ အစာအိမ်သွေးကြော ပေါက်တာ၊ အရိုး ပွတာ၊ ဆေးယဉ်ပါးတာတွေ ဖြစ်နိုင်ပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။