ထိုင်းနိုင်ငံအလယ်ပိုင်း စရာဘူရီခရိုင်တွင် အသက် ၁၅ နှစ်အရွယ် သမီးကို လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခဲ့သော မြန်မာနိုင်ငံသားမိခင်ကို ထိုင်းရဲကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို မြန်မာအလုပ်သမား မိခင်အရင်းကိုယ်တိုင်က လိင်လုပ်သားအဖြစ် အဓမ္မစေခိုင်းခဲ့သဖြင့် ထိုင်းနိုင်ငံသား ဖခင်ဖြစ်သူနှင့် ကျောင်းဆရာများက စရာဘူရီရဲစခန်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မိခင်ဖြစ်သူသည် နာမည်ကြီး တည်းခိုခန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားဖြစ်ပြီး ထိုင်းနိုင်ငံသားနှင့် ကွာရှင်း၍ သမီးဖြစ်သူနှင့် အတူနေထိုင်နေခြင်းဖြစ်သည်။ မိခင်က သမီးဖြစ်သူကို လိင်လုပ်သားအဖြစ် လုပ်ကိုင်ရန် ၂၀၂၂ ခုနှစ်ကတည်းက စတင်အတင်းအကျပ် စေခိုင်းခဲ့ကြောင်း သမီးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။ ယင်းအချိန်တွင် […]