ဘန်ကောက်တွင် ပစ်ခတ်မှုထပ်ဖြစ်၊ ကွန်ပျူတာဆရာမတစ်ဦးသေဆုံး
Dawei Watch
November 11, 2023ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယနေ့ (နိုဝင်ဘာ ၁၁)နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး ကွန်ပျူတာဆရာမတစ်ဦး သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့ ခလောတိန်နယ်မြေရှိ TTB ဘဏ်ရှေ့တွင် အမျိုးသားနှစ်ဦးက တက္ကသိုလ်ကျောင်းသား အုပ်စုထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားနှစ်ဦးက အခြားကျောင်းမှ ကျောင်းသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ကြိုးစားခြင်းဖြစ်ပြီး လမ်းလျှောက်လာသော ဆရာမ၏ ခေါင်းကိုထိမှန်ခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အခြားတစ်ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။ သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ် ကွန်ပြူတာဆရာမတစ်ဦးဖြစ်သည်။ နောက်တစ်ဦးမှာလည်း သေနတ်ဒဏ်ရာ သုံးချက်ထိမှန်၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်ပြီးနောက် သေနတ်သမားမှာ ကြံရာပါတစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ် အခြေအနေကို မသိရသေးပေ။ […]


