ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာပွဲစားတစ်ဦးက မြန်မာလုပ်သမား ၈၀ဦးထံမှ ငွေကြေး ဘတ် ၁၀သိန်းနီးပါး လိမ်လည်သွားကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း (WAG) ထံမှ သိရသည်။ မင်ဘူလီဒေသရှိ လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကို အလုပ်လျှောက်ထားခ၊ အလုပ်သွင်းပေးခနှင့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လုပ်ပေးမည်ဟုဆိုကာ ငွေလိမ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ မိနန်းအမည်ရှိ မြန်မာပွဲစားသည် မြန်မာအလုပ်သမားများထံတွင် တစ်ဦးလျှင် ဘတ်ငွေ ၁၂၀၀၀ စုစုပေါင်း ဘတ် ၉၆၀,၀၀၀ ကို ယူ၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း WAG ထံမှ သိရသည်။ အလုပ်သမားများက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်ထားသော စာရွက်များ (Name List) က အတုဖြစ်နေသဖြင့် ပွဲစားကို ပြန်လည်ဆက်သွယ်ခဲ့ကြောင်း ဆိုသည်။ သို့သော် ပွဲစားက […]