ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၇ဦး ဖမ်းဆီးခံရ
Dawei Watch
October 13, 2023ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ပစ်ကပ်ကားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦး အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ည ၉ နာရီခွဲခန့်တွင် စန်ခရာဘူရီ နော့လူဒေသ၌ ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် ပစ်ကပ်ကားတစ်စီးသည် ကားအနောက်ကို ကင်းဗက်ပိုင်းဖြင့် ဖုံး၍ သာမာန်အလေးချိန်ထက် ပိုပြီး တင်ဆောင်လာကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြရာ ပစ်ကပ်ကားသည် ပြန်ကွေ့၍ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေးကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးစစ်ဆေးခဲ့ရာ လမ်းဘေးတွင် ရပ်တန့်ထားသော အဆိုပါပစ်ကပ်ကားကို ပြန်လည်တွေ့ရှိခဲ့ရပြီး ကားသမားသည် ညအမှောင်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။ ကားထဲနှင့် အနောက်က ကင်းဗက်ပိုင်းအောက်တွင် ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာအလုပ်သမား […]


