ရနောင်းတံတားအောက်တွင် ထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေသည့် မြန်မာလုပ်သားအလောင်းတွေ့
Dawei Watch
December 11, 2023ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ တံတားအောက် မြောင်းထဲတွင် အသတ်ခံထားရသည်ဟု ယူဆရသော မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၄၆ နှစ်အရွယ် ကိုအောင်ဇော်မင်းဆိုသူဖြစ်ပြီး ၎င်း၏ အလောင်းကို ငါးရှာထွက်လာသော ကလေးငယ်များက တွေ့ရှိခဲ့သဖြင့် ဒေသခံများက အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ သေဆုံးသူသည် အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မသေဆုံးမီ ဒီဇင်ဘာလ ၉ရက် ည ၉ နာရီခန့်တွင် အရက်မူး၍ အိမ်ပြန်လာခဲ့ပြီး ရန်ဖြစ်ထားသည့်ပုံစံကို မတွေ့ရှိရကြောင်း ဇနီးဖြစ်သူ၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။ ည ၁၁ နာရီခန့်တွင် ဘတ် ၁၀၀၀ ယူ၍ အပြင်ထွက်သွားခြင်းဖြစ်ပြီး […]


