ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းရောက် မြန်မာလုပ်သားတွေ သိဖို့

Dawei Watch

December 22, 2023

အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ အထွေထွေ အကျပ်အတည်းကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံသားတွေက အလုပ်အကိုင် အခွင့်အလမ်းပေါများတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်နေကြရပါတယ်။ ထိုင်းနိုင်ငံထဲမှာ နေထိုင်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ မဖြစ်မနေ သိရှိရမယ့် ဥပဒေတွေရှိပါတယ်။ ဒီဥပဒေတွေကို သိရှိထားမှသာ အန္တရာယ်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်မှာ ဖြစ်တာကြောင့် မဖြစ်မနေသိသင့်တဲ့ ဥပဒေတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတွေ သိဖို့

Dawei Watch

December 22, 2023

အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ အထွေထွေ အကျပ်အတည်းကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံသားတွေက အလုပ်အကိုင် အခွင့်အလမ်းပေါများတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်နေကြရပါတယ်။ ထိုင်းနိုင်ငံထဲမှာ နေထိုင်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ မဖြစ်မနေ သိရှိရမယ့် ဥပဒေတွေရှိပါတယ်။ ဒီဥပဒေတွေကို သိရှိထားမှသာ အန္တရာယ်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်မှာ ဖြစ်တာကြောင့် မဖြစ်မနေသိသင့်တဲ့ ဥပဒေတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းတွင် မြန်မာလုပ်သားနှစ်ရာကျော် လုပ်အားခ ဘတ်လေးသန်းကျော်မရ၊ အလုပ်လည်း အထုတ်ခံရ

Dawei Watch

December 21, 2023

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်ရာကျော်သည် လုပ်အားခ ဘတ် လေးသန်းကျော်လည်း မရရှိသည့်အပြင် အလုပ်လည်း အထုတ်ခံထားရကြောင်း မြန်မာအလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။ ရယောင်းခရိုင် နိခုံးဖတ်ထနာဒေသရှိ APL ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၁၂ ဦး၏ လုပ်အားခများကို သူဌေးက ထုတ်မပေးခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ အလုပ်သမားများ၏ လုပ်ခလစာ နှစ်လစာမှ သုံးလစာအထိ ရရှိရန် ကျန်ရှိနေပြီး တစ်ဦးလျှင် အနည်းဆုံး ဘတ် နှစ်သောင်းကျော် ရရှိမည်ဖြစ်သဖြင့် စုစုပေါင်း ဘတ် ၄ သန်းကျော်ရှိကြောင်း အလုပ်သမားများက ပြောသည်။ လုပ်အားခ မရဘဲ နှစ်လကျော်ကြာပြီးနောက် လုပ်အားခပေးရန် မြန်မာအလုပ်သမားများက ဆန္ဒပြတောင်းဆိုရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလုပ်ထုတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။   အလုပ်ထုတ်ခံရပြီးနောက် အခန်းရှိ ရေ၊ မီး အားလုံးလည်း ဖြတ်တောက် ခံထားရကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။ “အခု စားဖို့ သောက်ဖို့တောင်မှ အခက်အခဲဖြစ်နေတာပေါ့။ လုပ်အားခလည်း မရဘူး။ မိသားစုကို […]

ဗိုက်ခွဲထားသည့် အမျိုးသမီးများအပါအဝင် MoU မြန်မာလုပ်သားများ ထိုင်းတွင် အုန်းပင်တက်နေရ

Dawei Watch

December 19, 2023

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများသည် စာချုပ်ထဲတွင်မပါဝင်သော အုန်းပင်တက်ရသည့် အလုပ်ကိုလုပ်နေရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီး ၅ ဦးပါဝင်သော မြန်မာအလုပ်သမား ၁၉ ဦးကို ရတ်ချ်ဘူရီခရိုင်ရှိ အုန်းသီးပါကင်ပိတ်စက်ရုံတွင် လုပ်ကိုင်ရန်အတွက် မြန်မာအေဂျင်စီ Gold Silver Diamond က နှစ်နှစ်စာချုပ်ဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ စမွတ်စွန်ခရမ်ခရိုင် မဲခေါက်ဒေသရှိ အုန်းသီးခြံတွင် မြန်မာအလုပ်သမားများသည် အုန်းပင်တက် အုန်းရည်ခံကာ ထန်းလျှက်ချက်သည့် အလုပ်ကိုလုပ်ကိုင်နေကြရကြောင်း အလုပ်သမားထံမှ သိရသည်။ အမျိုးသမီးများပါ နေ့တိုင်း မနက် ၅ နာရီထ အုန်းပင်တက် […]

ထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများစီးလာသည့်ကားကို ကုန်ကားဝင်တိုက်၊ မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

Dawei Watch

December 18, 2023

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါစီးနင်းလာသည့် ဗန်ကား ကားတိုက်မှုဖြစ်ပွားပြီးနောက် ကားပေါ်ပါ မြန်မာအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်စီထမရတ်ခရိုင် ထုန်းယိုင်ဒေသ ပလိပ်ရွာအနီးတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကားတိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။  ပစ်ကပ်ကားတစ်စီးက လမ်းချော်ကာ လမ်းဘေးထိုးကျသွားသဖြင့် မြန်မာအလုပ်သမားများပါသော ကားက အရှိန်လျှော့လိုက်ရာမှ ၂၂ ဘီးတပ် ကုန်တင်ကားတစ်စီးက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကုန်တင်ကားနှင့် တိုက်မိပြီးနောက် ကားပေါ်ပါလာသော မြန်မာအလုပ်သမား ၁၆ ဦးစလုံးသည် ဒဏ်ရာရရှိ ခဲ့သော်လည်း တရားမဝင် လာရောက်ကြသူများဖြစ်သဖြင့် အနီးရှိ တောထဲသို့ ထွက်ပြေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ကြသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း‌ သတင်းများတွင် ဖော်ပြသည်။ နယ်မြေကျွမ်းကျင်မှုမရှိသဖြင့် တောထဲတွင် ပုန်းနေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦး၊ […]

စစ်ကောင်စီကို အခွန်မပေးရေး မြန်မာလုပ်သားများ ဘန်ကောက်တွင် ဆန္ဒပြ

Dawei Watch

December 17, 2023

စစ်ကောင်စီသံရုံးကို ဝင်ငွေခွန်မပေးရေးအတွက် မြန်မာအလုပ်သမားများ ယနေ့ (ဒီဇင်ဘာ ၁၇) နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ (UN) တွင် ဆန္ဒပြခဲ့ကြသည်။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းရောက်မြန်မာအလုပ်သမားများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်ပေးချေရန် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ စစ်ကောင်စီသံရုံးကလည်း နိုင်ငံကူးလက်မှတ်စာအုပ်လဲလှယ်သူများအား ဝင်ငွေခွန် သုံးလစာ ဘတ် ၄၅၀ ကို ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ မဖြစ်မနေ ပေးဆောင်ခိုင်းနေကြောင်း သံရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာအလုပ်သမား ၅ သန်းခန့်ရှိသော ထိုင်းနိုင်ငံတွင် တစ်လလျှင် ဘတ် ၁၅၀ နှုန်းဖြင့် ကောက်ခံခြင်းသည် အလုပ်သမားများကို အကျပ်အတည်းတွေ့အောင် လုပ်ခြင်းနှင့် ဝင်ငွေဂုတ်သွေးစုပ်ခြင်းသာဖြစ်ကြောင်း ဆန္ဒပြမှုကို ဦးဆောင်သူ […]

ထိုင်းရောက် မြန်မာလုပ်သားများထံမှ စစ်ကောင်စီ ဝင်ငွေခွန် စကောက်

Dawei Watch

December 14, 2023

ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အခြေခံအလုပ်သမား (Blue collar) များဖြစ်ကြသော စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းတို့တွင် လုပ်ကိုင်နေသူများသည် လစဉ်ဝင်ငွေကို ဘတ် ၇၅၀၀ သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဘတ် ၁၅၀ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဘတ် ၁၅၀ ဝင်ငွေခွန်ဆောင်ထားသူများသည် လစဉ်ငွေ ဘတ် ၇၅၀၀ နှင့် ညီမျှသော မြန်မာငွေကို ငွေဖြူအဖြစ် သတ်မှတ် ပေးမည်ဖြစ်ပြီး မြန်မာပြည်တွင် အိမ်၊ ခြံ၊ မြေ၊ ကားများ ဝယ်ယူရာတွင် ဝင်ငွေခွန်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း […]

ရနောင်းတွင် မြန်မာလုပ်သားကိုသတ်ကာ အလောင်းစွန့်ပစ်ခဲ့ကြောင်း ဇနီးဖြစ်သူဝန်ခံဟုဆို

Dawei Watch

December 12, 2023

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ရှိ တံတားအောက်တွင် သေဆုံးလျက်တွေ့ရှိသည့် မြန်မာအလုပ်သမားမှာ ဇနီးဖြစ်သူက သတ်ကာ အလောင်းစွန့်ပစ်ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။  အခင်းဖြစ်သောညက နေထိုင်ရာအခန်းတွင် အချင်းချင်းစကားများ ရန်ဖြစ်ခဲ့ကြပြီး ခင်ပွန်းဖြစ်သူက ကိုယ်ထိလက်ရောက် ရန်လိုပြုမူရန် ကြိုးစားသဖြင့် မရည်ရွယ်ဘဲ သတ်ဖြတ်မိခဲ့ခြင်းဖြစ်ကြောင်း ဇနီးသည်ဟု ရေးသားထားသည်။  ယင်းနောက် တံတားအောက် မြောင်းထဲတွင် သွားရောက်စွန့်ပစ်ထားခဲ့ကြောင်း ဆိုသည်။  လည်ပင်းတွင် ထိုးသွင်းပြတ်ရှ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ငါးရှာထွက်လာသူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ကနဦးတွင် ဇနီးဖြစ်သူက မသေဆုံးမီ ဒီဇင်ဘာလ ၉ရက် ည ၉နာရီခန့်တွင် ခင်ပွန်းဖြစ်သူ အရက်မူး၍ အိမ်ပြန်လာပြီး ည ၁၁ နာရီခန့်တွင် ဘတ် တစ်ထောင်ယူကာ […]