ထိုင်းတွင် မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦး ငါးလွှာက ပြုတ်ကျသေဆုံး
diz_admin
January 26, 2023ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် တက္ကသိုလ်တက်နေသော မြန်မာကျောင်းသားတစ်ဦးသည် ယနေ့ ဇန်နဝါရီလ ၂၆ရက် နံနက်ပိုင်းတွင် ငါးထပ်အဆောင်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် ကိုဖြိုးကျော်ခိုင်အမည်ရှိ မြန်မာကျောင်းသားဖြစ်ပြီး ပထုံဌာနီခရိုင်ရှိ ရန်စစ်တက္ကသိုလ် စက်မှုပညာဌာနတွင် ပထမနှစ်တက်ရောက်သင်ယူနေသူဖြစ်ကြောင်း ရေးသားထားသည်။ လက်ဟွက့်ဒေသ အေပကျင်းလမ်းရှိ ငါးထပ်အဆောင်တွင် ယနေ့ နံနက် ၇ နာရီခန့်က အမြင့်မှ ပြုတ်ကျသံတစ်ခုကို ကြားရသဖြင့် သွားရောက်စစ်ဆေးရာ လူတစ်ဦးပြုတ်ကျကာ သွေးအိုင်ထဲလဲနေပြီး အသက်မရှူတော့သည်ကို အဆောင်လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းနောက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့သဖြင့် မှုခင်းဆရာဝန်များ၊ အရေးပေါ်အဖွဲ့အစည်းနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ပြုတ်ကျသူမှာ မြန်မာတက္ကသိုလ်ကျောင်းသားဖြစ်နေပြီး ဦးခေါင်းကွဲ၊ ခြေလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရေးသားထားသည်။ […]