ရနောင်းလဝကအချုပ်ရှိ မြန်မာလုပ်သား ၂၅၀ကျော် အိမ်ပြန်ပို့ပေးရန် ဆန္ဒပြတောင်းဆို
Dawei Watch
January 3, 2024ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ လဝက ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၂၅၀ ကျော် သည် နှစ်သစ်တွင် အိမ်ပြန်ပို့ပေးရန် ဇန်နဝါရီလ ၂ရက်နေ့ နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရှိရန် လဝက ထိန်းသိမ်းရေး စခန်းတွင် စောင့်ဆိုင်းနေကြရခြင်းဖြစ်ပြီး အမျိုသား ၂၁၀ဦးနှင့် အမျိုးသမီး ၄၈ ဦး စုစုပေါင်း ၂၅၈ ရှိသည်။ ယင်းထိန်းသိမ်းရေးစခန်း ၅ ထပ်အဆောက်အအုံရှိ မြန်မာအလုပ်သမားများသည် နှစ်သစ်တွင် မိသားစုနှင့် အတူ ဖြတ်သန်း လိုသဖြင့် “ကျေးဇူးပြု၍ သွားခွင့်ပေးပါ” ဟု ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ဖော်ပြသည်။ ဆန္ဒပြရာတွင် အာဏာပိုင်များ မဝင်ရောက်နိုင်ရန် အထဲက အခန်းတံခါးကို လူများ၊ […]


