ထိုင်းတွင် ကလေးထိန်းထံထားခဲ့သော မြန်မာလုပ်သား၏ အသက် ၂ နှစ်အရွယ်ကလေး သေဆုံး
Dawei Watch
March 3, 2026ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဘန်းစောင်ထုံဒေသတွင် မြန်မာကလေးထိန်းတစ်ဦးထံ အပ်ထားခဲ့သော မြန်မာအလုပ်သမားတစ်ဦး၏ ကလေးမှာ မတော်တဆမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မတ်လ ၂ ရက်နေ့က မြန်မာကလေးငယ်သည် စမွတ်ပရကန်ဆေးရုံကြီးတွင် ဒဏ်ရာများကို ဆေးကုသနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မြန်မာအလုပ်သမား မကြူကြူမွှေးက မြန်မာကလေးထိန်းဖြစ်သော မနီနီအေးထံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို အပ်ခဲ့၍ အလုပ်ဆင်းလေ့ရှိကြောင်း အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြန်မာကလေးထိန်း အမျိုးသမီးသည် ကြမ်းတိုက်ပြီး၍ ရေချိုးနေချိန် အပ်နှံထားသော အသက် ၂ နှစ်အရွယ် ကလေးငယ်ကို သားသမီးဖြစ်သူများနှင့်အတူ ထားရှိခဲ့ကြောင်း WAG အဖွဲ့ကထံမှ သိရသည်။ သားသမီးများနှင့် ထားရှိချိန် ကလေးငယ်သည် […]


