တရားမဝင်ဝင်လာသည့် မြန်မာများပါလာသောကား ကန်ချနဘူရီတွင် ဓာတ်တိုက်ဝင်တိုက်၍ ၂၁ ဦး ဒဏ်ရာရ
Dawei Watch
November 10, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁ နာရီခန့်က စန်ခရာဘူရီဒေသတွင် မြန်မာနိုင်ငံသားများ ပစ်ကပ်ကားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာစဉ် လမ်းရှိ စစ်ဆေးရေးဂိတ်မှ အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်။ ကားသည် စစ်ဆေးရေးဂိတ်တွင် မရပ်တန့်ဘဲ စန်ခရာဘူရီ-ထိုးဖားဖုမ်းလမ်းတစ်လျှောက် မောင်းနှင်ထွက်ပြေးစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ […]


