BREAKING
December 4, 2025

သတင်း

ထိုင်းတွင် ကားဘီးပေါက်ကာ မြောင်းထဲထိုးကျပြီး မြန်မာကိုးဦးသေဆုံး

Dawei Watch

December 3, 2025

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီး ဘီးပေါက်ပြီး လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းခဲ့သဖြင့် မြန်မာနိုင်ငံသားကိုးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဒီဇင်ဘာလ ၃ ရက်‌ နံနက် ၇ နာရီခန့်တွင် ရတ်ချ်ဘူရီခရိုင် ပါထောဒေသရှိ လမ်းဘေးမြောင်းထဲသို့ ကားတစ်စီး ရုတ်တရက် ထိုးဆင်းသွားသဖြင့် အနီးရှိ ပြည်သူများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအခါ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ကိုးဦး သေဆုံးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ သေဆုံးသူများ၏ ညာဘက်လက်ကောက်ဝတ်များတွင် အပြာရောင် ပလပ်စတစ်ကြိုး အမှတ်အသားများ ဝတ်ဆင်ထားပြီး ယင်းအမှတ်အသားများသည့် ၎င်းတို့သွားမည့် […]

ထိုင်းတွင် ဒူးရင်းခြံအတွင်း မီးတိုင်ထူရင်း မြန်မာလုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံး

Dawei Watch

December 3, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ဒူးရင်းခြံထဲတွင် လျှပ်စစ်မီးတိုင်ထူနေစဉ် မြန်မာအလုပ်သမား ၁ ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး ထိုင်းအလုပ်သမား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက တရတ်မြို့ ဝမ်ကရာ့ကျဲဒေသရှိ ဒူးရင်းခြံထဲတွင် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမားများ မီးတိုင်ထူနေစဉ် အလုပ်သမား နှစ်ဦး ဓါတ်လိုက်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများက လျှပ်စစ်မီးတိုင်ကို အတူတူ မထူနေကြစဉ် မီးတိုင်ထိပ်ရှိ သံချောင်းက လျှပ်စစ်ဗို့အား ၂၂၀၀၀ ရှိသော မီးကြိုးကို သွားထိခဲ့သဖြင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမား ၁ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦး ဓါတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအချိန် အသက် […]

တရားမဝင်ဝင်လာသည့် မြန်မာများပါလာသောကား ကန်ချနဘူရီတွင် ဓာတ်တိုက်ဝင်တိုက်၍ ၂၁ ဦး ဒဏ်ရာရ

Dawei Watch

November 10, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ နိုဝင်ဘာလ ၉ ရက်‌ နေ့လယ် ၁ နာရီခန့်က စန်ခရာဘူရီဒေသတွင် မြန်မာနိုင်ငံသားများ ပစ်ကပ်ကားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာစဉ် လမ်းရှိ စစ်ဆေးရေးဂိတ်မှ အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်။ ကားသည် စစ်ဆေးရေးဂိတ်တွင် မရပ်တန့်ဘဲ စန်ခရာဘူရီ-ထိုးဖားဖုမ်းလမ်းတစ်လျှောက် မောင်းနှင်ထွက်ပြေးစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ […]

ထိုင်းတွင် နယ်စပ်ဒုက္ခသည်စခန်းက မြန်မာများ ပထမဆုံးအကြိမ် လုပ်ငန်းခွင်ဝင်

Dawei Watch

November 6, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများသည် ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင် လမ်ယိုင်ခြံများသို့ အလုပ်လုပ်ကိုင်ရန် စတင်ရောက်ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၅ ရက်က ကျန်ထဘူရီခရိုင် လမ်ယိုင်ခြံများတွင် အလုပ်လုပ်ရန် နယ်စပ်ဒုက္ခသည်စခန်းထဲက မြန်မာနိုင်ငံသားများ စတင်ရောက်ရှိကြောင်း ဖော်ပြသည်။ ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံထဲ တရားဝင် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သော ဩဂုတ်လ ၂၆ ရက်တွင် ညွှန်ကြားလိုက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်ရှိ လမ်ယိုင်အသီးခြံများသို့ အလုပ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ယခုပထမအသုတ်တွင် နယ်စပ်ဒုက္ခသည်စခန်း ကိုးခုအနက် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဘန်းတိုးယမ်စခန်းထဲက မြန်မာနိုင်ငံသား ကရင်လူမျိုး ၂၀၁ဦး ရောက်ရှိလာပြီး နိုဝင်ဘာလ ၆ရက်မှစ၍ […]

ကော့စမွေတွင် မြန်မာ ဆံသဆရာကို ရဲအရာရှိက ဆံပင်ညှပ်သူအသွင်ယူပြီး ဖမ်းဆီး

Dawei Watch

October 31, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် ဆံပင်ညှပ်နေသော မြန်မာဆံသဆရာတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၃၀ ရက်က ကော့စမွေကျွန်း ဘိုဖွတ်ဒေသရှိ ဆံပင်ညှပ်ဆိုင်ကို ရဲတပ်ဖွဲ့က ဆံပင်ညှပ်လိုသူအဖြစ် အသွင်ယူပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် အသက် ၂၁ နှစ်အရွယ် ကိုအောင်ဇော်ထွန်းဖြစ်ပြီး ထိုင်းနိုင်ငံသားပိုင် ဆံပင်ညှပ်ဆိုင်တွင် ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသည်မှာ နှစ်လသာရှိသေးကြောင်း ဆိုသည်။ ဆိုင်တွင် မြန်မာနှင့် ထိုင်းနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း လာရောက်ဆံပင်ညှပ်လေ့ရှိပြီး တစ်ဦးလျှင် ဘတ် ၂၀၀ မှ ၃၀၀ အထိ ရရှိကြောင်း မြန်မာနိုင်ငံသားက ထွက်ဆိုသည်ဟု ဖော်ပြသည်။ ရဲအရာရှိက အသွင်ယူ၍ ဆံပင်လာညှပ်ခြင်းဖြစ်ပြီး ဆံပင်ညှပ်ပြီးမှသာ အခြားလဝကအရာရှိများဖြင့် ကိုအောင်ဇော်ထွန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကိုအောင်ဇော်ထွန်းကို နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော […]

မြန်မာ ၁၀၀ခန့် မဲဆောက်တွင် ဖမ်းခံရ၊ ဘတ်အသစ်လျှောက်ထားမှု ရက်ရွှေ့ပြီးနောက် ဖမ်းခံရသူ ၂၀၀ ကျော်ရှိလာ

Dawei Watch

October 18, 2025

ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးရန် ရက်ရွှေ့ပြီးနောက်ပိုင်း တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါး မဲဆောက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏‌ ဖော်ပြချက်အရ သိရသည်။ အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် စတင်လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာထားရာမှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရက်ရွှေ့လိုက်ခြင်းဖြစ်သည်။ ယင်းနောက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် တာခ့်ခရိုင် မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ မြဝတီမြို့မှတစ်ဆင့် သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲဆောက်မြို့ မယ်ပဒေသကို ကူးလာချိန်တွင် […]

ထိုင်းက မြန်မာ ၁၄၀ ကို နေရပ်ထပ်ပို့

Dawei Watch

September 24, 2025

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၄၀ ဦးကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကော့သောင်းဘက်သို့ နောက်တစ်ကြိမ် ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌ခရိုင် ပြန်ကြားရေးရုံးက ထုတ်ပြန်သည်။ စက်တင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံသား ၁၅၂ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ခြင်းဖြစ်သည်။ စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၁၄၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၁ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၆၇၀ ဦး ရှိလာပြီဖြစ်သည်။ […]

ချင်းမိုင်-ဘန်ကောက် အဝေးပြေးဘတ်စ်ကားပေါ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၁၈ ဦး ဖမ်းဆီးခံရ

Dawei Watch

September 19, 2025

ထိုင်းနိုင်ငံ ချင်းမိုင်-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးဘတ်စ်ကားပေါ်တွင် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ ညက လမ်ဖွန်းခရိုင် စစ်ဆေးရေးဂိတ်တွင် အဝေးပြေးဘတ်စ်ကားတစ်စီးကို ရဲတပ်ဖွဲ့များ စစ်ဆေးရာမှ တရားမဝင် လိုက်ပါလာ‌သော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကားပေါ်တွင် ယာဉ်မောင်းသမား၊ ယာဉ်နောက်လိုက်နှင့် မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား လေးဦးသည် ကားသမား ထိုင်ခုံနောက်ဘက်တွင် ပုန်း၍ လိုက်လာကြပြီး ကျန် ၁၄ ဦးသည် ကားထိုင်ခုံများတွင် လိုက်ပါလာခြင်းဖြစ်သည်။ ကားထိုင်ခုံနေရာများကို စစ်ဆေးရာ အမည်နှင့် လိုက်ပါလာသူတို့ မတူညီကြသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ထပ်မံစစ်ဆေးရာမှ အထောက်အထားမရှိသော […]