မလေးရှားသွားရန် တရားမဝင်လာသော မြန်မာ ၄၀ ခန့် ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ
Dawei Watch
March 5, 2026ထိုင်းနိုင်ငံတောင်ပိုင်း၊ စွန်ခရာခရိုင်တွင် မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၄၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မတ်လ ၅ရက်တွင် စွန်ခရာခရိုင် ရတ်တဖူဒေသရှိ တည်းခိုခန်းတစ်ခုတွင် မြန်မာနိုင်ငံသားများသည် မလေးရှားသို့ ဝင်ရောက်ရန်အတွက် အုပ်စုလိုက်စောင့်ဆိုင်းနေစဉ် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အခန်းထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၃၉ ဦးနှင့်အတူ အသက် ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် နှစ်ဦးကိုလည်း တွေ့ရပြီး အားလုံးတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် စာရွက်များ မတွေ့ရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ လူမှောင်ခိုပို့ဆောင်နေသော ထိုင်းနိုင်ငံသား ငါးဦးနှင့် မြန်မာစုံတွဲ တစ်တွဲကိုလည်း တွေ့ရှိခဲ့ပြီး […]


