ထိုင်းတွင် တရားမဝင်လုပ်ကိုင်သူများ စစ်ဆေးဖမ်းဆီးမှု အရှိန်မြှင့်၊ မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံရ
Dawei Watch
January 16, 2026ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအပါအဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် ရယွန်ခရိုင်ရှိ အလုပ်သမားနေရာများတွင် မြန်မာအလုပ်သမား ၅၀ ဦးနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁၅ ဦးကို ဝင်ရောက်စစ်ဆေးခဲ့ရာ ရက်ကိုးဆယ် သတင်းပို့ တိုင်ကြားရန် ပျက်ကွက်သူနှင့် တရားမဝင်နေထိုင်သူ စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူ ရှစ်ဦးအနက် မြန်မာနှစ်ဦး ပါဝင်သည်။ ဇန်နဝါရီလ ၁၅ ရက်တွင် လယွန်ခရိုင် ဘန်ချန်းဒေသတွင် မြန်မာအလုပ်သမား ၅၇ ဦးကို စစ်ဆေးခဲ့ရာ အလုပ်လုပ်ခွင့် လက်မှတ်မရှိသူ ၁၃ ဦးကို ဖမ်းဆီးခံရကြောင်း […]


