ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ကာတာ – အီကွေဒေါပွဲစဉ် ပွဲကြိုသုံးသပ်ချက်

diz_admin

November 20, 2022

ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန်မှာ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်တော့မှာပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ မစခင်ကတည်းက ပွဲဆူနေပါတယ်။ မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ပြိုင်ပွဲကြီးရဲ့အဖွင့်ပွဲအဖြစ် ကာတာနဲ့ အီကွေဒေါတို့ရဲ့ယှဉ်ပြိုင်မှုကို အစပြုမှာပါ။ အခမ်းအနားဖျော်ဖြေမှုတွေနဲ့ ဖွင့်ပွဲအစပြုမှုတွေကိုတော့ မြန်မာစံတော်ချိန် ည ၉ နာရီမှာ စတင်ဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ကာတာ-အီကွေဒေါပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်ကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/kgiPbJDc_6k

စပါးဖျက်မိုး

diz_admin

November 20, 2022

စပါးစျေးက သိပ်မကောင်းရတဲ့ အထဲ အချိန်အခါမဟုတ် ရွာလိုက်တဲ့မိုးကြောင့် လယ်သမားတွေ အခက်အခဲများစွာ ကြုံကြရပြန်ပြီ။ သူတို့ ဘာအခက်အခဲတွေ ကြုံနေကြလဲဆိုတာ တင်ဆက်ထားပါတယ်။

ထားဝယ်လယ်ကွင်းထဲ ထိုးဆင်းသွားတဲ့ စစ်ကောင်စီလေယာဉ်

diz_admin

November 19, 2022

အချို့နိုင်ငံတွေမှာ ပြတိုက်ပို့လိုက်ပြီဖြစ်တဲ့ PT6 အမျိုးအစား ပန်ကာတပ် လေယာဉ်တွေကို လေ့ကျင့်ရေးလေယာဉ်အဖြစ် ဆက်သုံးနေတာဖြစ်ပြီး မြိတ်လေတပ်စခန်းကနေ မှော်ဘီလေတပ်စခန်းကို အသွားမှာ လယ်ကွင်းထဲ ရောက်သွားတာဖြစ်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

November 19, 2022

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ နိုဝင်ဘာ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားစည်ကားဖို့ မြန်မာနိုင်ငံကလမ်းစဉ်ကို ကော်ပီကူးလိုက်တဲ့ ကာတာ….

diz_admin

November 19, 2022

ကမ္ဘာ့ဖလားပွဲဆိုတာ ဘောလုံးပြိုင်ပွဲ တစ်ခုထက်ပိုတဲ့ ယဉ်ကျေးမှုတွေရှိတယ်ဆိုတာ မသိတဲ့ ကာတာကတော့ အနှစ်သာရကင်းမဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုကို ဖော်ဆောင်နေပါပြီ။ ကမ္ဘာ့ဖလား စည်ကားဖို့ မြန်မာနိုင်ငံမှာ လုပ်လေ့ရှိတဲ့ ၅၀၀၀ စားလမ်းစဉ်ကို ကော်ပီကူးကျင့်သုံးတော့မှာပါ။ ကာတာမှာတော့ ၅၀၀၀ စားမဟုတ်ပါဘူး ၁၀ ဒေါ်လာပေးခေါ်ထားတဲ့ နေ့စားတွေပါ။ ၁၀ ဒေါ်လာစားတွေနဲ့ ကမ္ဘာ့ဖလားဂုဏ်ကျက်သရေကို တစ်စစီ ဖျက်ဆီးတော့မဲ့ ကာတာအကြောင်း အပြည့်အစုံကို ရှုစားကြပါဦးခင်ဗျား။

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (နိုဝင်ဘာလ ၁၈)

diz_admin

November 18, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

အောင်လအန်ဆန်း နိုင်သွားမလား…..

diz_admin

November 18, 2022

မနက်ဖြန် နိုဝင်ဘာလ ၁၉ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်းနဲ့ ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ယူရှင်းအိုကာမီတို့ One Championship ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ပါတော့မယ်။ စင်ကာပူ Indoor Stadium မှာ တိုက်ခိုက်ထိုးသတ်ကြမယ့်ပွဲစဉ်ပါ။ One Championship ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ အောင်လအန်ဆန်းက မြန်မာပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိပြီးသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားတစ်ဦးပါ။ နောက်ပိုင်းထိုးသတ်တဲ့ပွဲစဉ်တွေမှာ အောင်လအန်ဆန်းက ရလဒ်တွေ ဆိုးရွားနေတဲ့အတွက် အခုပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အောင်ပွဲခံခွင့်ရနိုင်လေမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ယူရှင်း အိုကာမီက မစ်ဒယ်ဝိတ်တန်းဆီကို ကူးပြောင်းပြီး အောင်လအန်ဆန်းနဲ့ စိန်ခေါ်ပွဲထိုးသတ်ဖို့ စီစဉ်လိုက်တာပါ။ အောင်လအန်ဆန်းနဲ့ ယူရှင်း အိုကာမီတို့ရဲ့ပွဲစဉ်မှာ ဘယ်သူ အနိုင်ရသွားနိုင်ခြေ ရှိနေသလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြ ပေးလိုက်ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီတို့လည်း ချန်ပီယံဖြစ်ခွင့်ရဖို့ စိတ်ကူးယဉ်နေတယ်

diz_admin

November 18, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၈) ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်လာပြီဆိုတော့ ဘယ်အသင်း ချန်ပီယံဖြစ်သွားလေမလဲဆိုတာက အားလုံး စိတ်ဝင်တစားရှိနေတဲ့ မေးခွန်းတစ်ခုပါပဲ။ အခု အစီအစဉ်မှာ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီ နှစ်သင်းကို ရွေးနုတ်တင်ဆက်ပေးထားပါတယ်။ ဒီနှစ်သင်းဟာ မျိုးဆက်သစ် အစုအဖွဲ့အရ ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေတဲ့ အသင်းနှစ်သင်းပါ။ ပေါ်တူဂီနဲ့ယှဉ်ရင် ဘယ်လ်ဂျီယံရဲ့အစုအဖွဲ့က ကမ္ဘာ့ဖလားကို ပိုပြီး မျှော်လင့်ခွင့် ရှိနေတဲ့အနေအထားပါ။ ပေါ်တူဂီကတော့ အသင်းတွင်း ပြဿနာတချို့ ရှိလို့နေပါတယ်။ အဲ့ဒါတွေကို ပေါ်တူဂီ ဖြေရှင်းနိုင်စွမ်းရှိပါ့မလားဆိုတာလည်း စောင့်ကြည့်ရမှာပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အစုအဖွဲ့တွေကို လေ့လာကြည့်လိုက်ရင် ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီကိုလည်း နေရာတစ်ခု မဖြစ်မနေ ပေးအပ်ကြရမှာပါ။ ချန်ပီယံဖြစ်ခွင့်ရဖို့အတွက် ဒီနှစ်သင်းဟာလည်း အားသွန်ခွန်စိုက် ကြိုးပမ်းလာပါလိမ့်မယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်ခြေ အသင်းစာရင်းထဲမှာ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံတို့ကိုလည်း ချန်လှပ်ထားလို့ မရနိုင်ကြောင်း ဒီအစီအစဉ်ကနေ […]